Apple က Buy Now Pay Later Service ကို မိတ်ဆက်

မတ်လ ၂၈ရက်နေ့ကစပြီး Buy Now Pay Later (BNPL) Service ကို Apple Pay Later နဲ့ အသုံးပြုလို့ရပြီ ဖြစ်ကြောင်း ကြေငြာလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် US တစ်နိုင်ငံထဲပဲ သုံးလို့ရအုံးမှာပါ။

Apple က အခုလို Pay Later Service ကို မိတ်ဆက်လိုက်ခြင်းကြောင့် fintech ကဏ္ဍမှာ လွှမ်းမိုးထားတဲ့ ကုမ္ပဏီတွေအတွက်တော့ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ Apple ရဲ့ ပြောပြမှုအရ Apple Pay Later Services မှာ ငွေပေးချေမှု စနစ် (၄)မျိုးအထိ ရှိမှာဖြစ်ပြီး (၆) လ ကျော်လောက်အထိ အကျိုးအမြတ်တစ်ခုမှ မယူဘူးလို့ သိရပါတယ်။ ဒါ့အပြင် Mastercards Installments Program မှာ Apple Pay Later Services ပါဝင်ကြောင်း Apple က ပြောထားပါသေးတယ်။

Apple Pay later Services

အသုံးပြုသူများဟာ iPhone တွေ iPad တွေထဲက Apple Pay ကို အသုံးပြုကာ Online ကတစ်ဆင့် ဒေါ်လာ ၅၀ မှ ၁၀၀၀ အထိ ချေးနိုင်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ Pay Later Services ကို လက်လီသမား ၈၅ ရာနှုန်းလောက်က လက်ခံတာဖြစ်ကြောင်း Apple က ပြောပါတယ်။ လက်လီသမားတွေအတွက်တော့ ဒီ Service ဟာ အဆင်ပြေစေပေမယ့် တစ်ဖက်မှာ BNPL services ကို ပေးနေတဲ့ ကုမ္ပဏီတွေအတွက်တော့ ထိခိုက်မှုတွေရှိနေတာ တွေ့ရပါတယ်။

Exit mobile version