Apple က Iphone အတွက် All in one Chip ကို တီထွင်နေပြီးလား

Apple က Iphone အတွက် All in one Chips ကို တီထွင်နေပြီးလား

Apple ဟာ Bluetooth ၊ Wifi နှင့် Cellular သုံးမျိုးလုံးအား Chip တစ်ခုထဲမှာ အသုံးပြုနိုင်မယ့် All in One Chip ကို တီထွင်နေကြောင်း Bloomberg သတင်းအရ သိရပါတယ်။ ၎င်း chip ကို 2024 အကုန် 2025 အစပိုင်းလောက်မှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Apple ဟာ ၎င်းတို့၏ macbook ၊ mac mini အစရှိတဲ့ Device တွေကို Intel Chip မှ ကိုယ်ပိုင် M series Chip သို့ ပြောင်းလဲခဲ့ရာမှာ ပိုပြီး လူကြိုက်များခဲ့ပါတယ်။ ယခုမှာလည်း Iphone များရှိ Qualcomm ရဲ့ Chip နေရာမှာ ကိုယ်ပိုင် Chip နဲ့ အစားထိုးမလို့ဆိုတာ ဖြစ်နိုင်ပါတယ်။ Apple ဟာ ၎င်းတို့၏ ကိုယ်ပိုင် Chip အသစ်ကို Broadcom နှင့် ပေါင်းပြီး ထုတ်လုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Chip တစ်ခုထဲမှာ Cellular ၊ Bluetooth နှင့် Wifi သုံးမျိုးလုံးကို ဘယ်လိုထည့်ပြီး ဖန်တီးထားမလဲဆိုတာကတော့ စိတ်ဝင်စားစရာ တစ်ခုပဲဖြစ်ပါတယ်။ သို့သော် ယခုချိန်အထိ Apple ရော Broadcom ရော ထို Chip နှင့် ပတ်သက်ပြီး ဖော်ပြခြင်းမရှိသေးပါဘူး။ Bloomberg က ဖော်ပြထားတဲ့ Apple ရဲ့ ကိုယ်ပိုင် Chip ကို အမှန်တကယ် တီထွင်နေရင်တောင် 2024 အကုန် 2025 အစလောက်မှ စတင်အသုံးပြုနိုင်မှာဖြစ်လို့ (၃)နှစ်လောက် စောင့်ရအုံးမှာဖြစ်ပါတယ်။

Exit mobile version