နောက်ထွက်မယ့် iOS Version အသစ်မှာ AI နည်းပညာသုံး ကျန်းမာရေး နည်းပြစနစ် ပါဝင်လာမည်

Bloomberg သတင်းဌာနရဲ့ April 26 News Update ထုတ်ပြထားချက်အရ Apple ဟာ AI နည်းပညာသုံး ကျန်းမာရေးနည်းပြစနစ်ကို ဖန်တီးထားပြီးပြီ ဖြစ်ကြောင်းသိရပါတယ်။

Apple ရဲ့ AI နည်းပညာသုံး ကျန်းမာရေးနည်းပြစနစ်ရဲ့ Codename ဟာ Quartz လို့ သိရပြီး Apple Watch နဲ့တွဲကာ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ ကျန်းမာရေးနည်းပြစနစ်ဟာ အားကစားလှုပ်ရှားမှုတွေကို တိုင်းတာနိုင်ယုံမကပဲ အိပ်ချိန်၊ သွေးပေါင်ချိန်၊ သွေးထဲက Oxygen ပမာဏ၊ အမျိုးသမီးတွေရဲ့ ဓမ္မတာ ဖြစ်စဥ်၊ Glucose ပမာဏ နှင့် ခန္ဓာကိုယ်အပူချိန် အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို တိုင်းတာပေးနိုင်တယ်လို့ သိရပါတယ်။

ကောလဟာလသတင်းများအရ လာမည့် WWDC ပွဲမှာ iPadOS 17 နှင့် iOS 17 တို့ကို မိတ်ဆက်ပေးမှာဖြစ်ပြီး ထို OS တွေနဲ့အတူ AI ကျန်းမာရေးနည်းပြစနစ်ပါ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ WWDC ပွဲအတွက် လူတိုင်းစိတ်ဝင်စားနေတဲ့ Apple VR Headset မှာလည်း AI ကျန်းမာရေးနည်းပြစနစ်ကို ထည့်သွင်းပေးထားမယ်လို့ပါ ပြောနေကြတာဖြစ်လို့ ၂၀၂၃ ခုနှစ်အတွက် WWDC ပွဲဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာပါပြီ။

Exit mobile version