မသန်စွမ်းများကို အထောက်အကူပြုမယ့် Apple ရဲ့ Feature အသစ်

Apple ဟာ မှတ်ဥာဏ်အားနည်းသူများ၊ အမြင်အာရုံအားနည်းသူများ၊ အကြားအာရုံအားနည်းသူများ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသူတွေကို အထောက်အကူပြုမယ့် ပိုကောင်းမယ့်Features တွေကို ထည့်သွင်းပေးရန် ကြိုးစားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ လက်ရှိမှာ စကားပြောဖို့အတွက် အခက်အခဲရှိသူများ၊ အမြင်အာရုံအားနည်းသူများနဲ့ မှတ်ဥာဏ်အားနည်းသူများကို အထောက်အကူပြုနိုင်မယ့် Features တွေကိုတော့ Accessibility မှာ စတင်ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Apple ရဲ့ ပြောပြထားချက်အရ အခုထည့်သွင်းပေးတဲ့ Features တွေဟာ Software နဲ့ အလုပ်လုပ်မှာ ဖြစ်လို့ အခြားအပို Device တွေအသုံးပြုစရာမလိုပဲ Apple ဖုန်းရှိရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple ရဲ့ စကားပြောဖို့ အားနည်းနေသူများအတွက် ထုတ်ပေးလိုက်တဲ့ Features ကတော့ အသုံးပြုသူဟာ ဖုန်းထဲက စာတိုလေးတွေကို ၁၅ မိနစ်စာလောက် ကျယ်ကျယ်ဖတ်ပြပြီးတော့ မိမိရဲ့အသံကို ဖုန်းကနားလည်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်စာ စာဖတ်ပြီးသွားရင်တော့ မိမိပြောချင်တဲ့ စကားတွေကို စာရိုက်လိုက်ရုံနဲ့ ဖုန်းက မိမိအသံနဲ့ စာသားတွေကို ပြန်ပြီးပြောပေးမှာ ဖြစ်ပါတယ်။ ဒီ Feature ဟာ အပြင်မှာ တိုက်ရိုက်စကားပြောဖို့သီးသန့်မဟုတ်ပဲ ဖုန်းပြောတာ၊ Video Call ခေါ်တာ အစရှိတဲ့ ဘယ်လို ဆက်သွယ်မှုမျိုးမှာမဆို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

မှတ်ဥဏ်အားနည်းသူများအတွက်ကတော့ Messages ၊ Camera ၊ Photos နဲ့ Music အစရှိတဲ့ အသုံးပြုရမယ့် Apps တွေကို သူများနဲ့မတူအောင် အဆင့်မြှင့်ထားပေးမယ်လို့ သိရပါတယ်။ ဥပမာ စာသားတွေ ကြီးကြီးမြင်အောင်လုပ်ပေးတာ၊ အရောင်တွေကို မှတ်မိလွယ်စေမယ့်အရောင်တွေ အသုံးပြုပေးတာမျိုး ဖြစ်မယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ အမြင်အာရုံအားနည်းသူများ သို့မဟုတ် မျက်စိကွယ်နေသူများအတွက် Feature ပဲ ဖြစ်ပါတယ်။ ဒီ Feature ကို ဖွင့်လိုက်ရင် ဖုန်းရဲ့ Camera ဟာ သင့်ရဲ့ မျက်လုံးအဖြင့် ပြောင်းလဲသွားမယ်လို့ ပြောရလောက်အောင်ကို ပြည့်စုံအောင် လုပ်ထားပေးတာ တွေ့ရပါတယ်။ စာရိုက်တဲ့အခါမှာ ဖုန်းရဲ့ Camera ကတစ်ဆင့် Body Language ကို အသုံးပြုကာ ဖုန်းကို စာရိုက်ခိုင်းလို့ရမှာ ဖြစ်ပါတယ်။ လမ်းသွားတဲ့အခါမှာလည်း ဖုန်း Camera ကို အရှေ့တည့်တည့်ထားပြီး လမ်းလျှောက်ရုံနဲ့ အရှေ့မှာ ဘာရှိလဲဆိုတာ ဖုန်းကပြောပြပေးမှာ ဖြစ်တဲ့အပြင် စက်ပစ္စည်းတစ်ခုခုကို ဖွင့်တဲ့အခါမျိုးမှာလည်း သင်ထိလိုက်တဲ့ ခလုပ်ဟာ ဘာခလုပ်ဖြစ်တယ်ဆိုတာကိုပါ ဖုန်းက ပြောပြပေးနိုင်မှာ ဖြစ်တယ်လို့ပြောထားတာကြောင့် အမြင်အာရုံနည်းသူများအတွက် အရမ်းကိုအထောက်အကူပြုစေမှာ သေချာပါတယ်။

Apple ဟာ လက်ရှိမှာ ဒီ Features တွေကိုပဲ ထည့်သွင်းပေးလိုက်တာဖြစ်ပေမယ့် နောက်ထပ် အကြားအာရုံအားနည်းသူများနဲ့ အခြားသော ရုပ်ပိုင်ဆိုင်ရာအားနည်းသူများအတွက်ပါ ကူညီပေးနိုင်အောင် ဖန်တီးနေတယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ Apple ဟာ သူ့ရဲ့ Product တွေကို အဆင့်မြှင့်တင်နေရုံသာမကပဲ ကမ္ဘာပေါ်ရှိ လူသားတိုင်း အသုံးပြုနိုင်အောင်ပါ အာရုံစိုက်ထားတယ်ဆိုတာ အခု Features တွေက ထောက်ပြနေပြီ ဖြစ်ပါတယ်။

Exit mobile version