Apple နှင့် Google တို့ပေါင်းပြီး AI အတွက် Partnership သဘောတူညီမှုရယူ

Apple ရဲ့ iPhone တွေမှာ Google search engine ကို default အဖြစ်ထားတာ iPhone စထုတ်လုပ်တည်းက ဖြစ်ပါတယ်။ Google က သူ့ရဲ့ Pixel phones တွေထွက်လာတဲ့အချိန်မှာတော့ Apple ရဲ့ iPhone တွေကို Pixel phones က အမြဲသာလွန်ကြောင်း နှိုင်းယှဉ်ပြီး ကြော်ငြာလာတာတွေ့ရပါတယ်။ အထူးသဖြင့် Gemini AI ပေါ်လာပြီးနောက်ပိုင်းမှာတော့ Google က သူ့ရဲ့ကြော်ငြာတွေမှာ iPhone ကို သရော်ပြီးအမြဲသာလွန်ကြောင်း ကြော်ငြာပါတယ်။ Apple ကတော့ လုံး၀မတုံ့ပြန်ပဲ ဒီအတိုင်းနေလာခဲ့ပါတယ်။ ယနေ့အချိန်မှာ AI တွေအပြိုင်အဆိုင်ဖြစ်လာကြတ့အချိန်မှာတော့ Apple ကလည်း သူ့ဖက်က ပြင်ဆင်ထားတဲ့ AI တွေကို မကြာခင်ချပြမယ်လို့ သိရပါတယ်။ ​ထွက်ရှိလာမယ့် iPhone ရဲ့ iOS update မှာ AI နည်းပညာအသစ်တွေကို မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ နည်းပညာ company တွေထဲမှာ Apple ရဲ့ ပြိုင်ဖက်ဟောင်းကြီးဖြစ်တဲ့ Microsoft က OpenAI နှင့် ပေါင်းပြီး AI နည်းပညာအသစ်တွေကို ချပြနေတာကြောင့် Apple ကလည်း Microsoft နှင့်ယှဉ်ပြိုင်နိုင်ဖို့ Google ကို partner အဖြစ်ရွေးချယ်လိုက်ပါတယ်။

Apple အနေနှင့် Google Gemini ကို သူ့ရဲ့ ဖုန်း systemမှာ တစ်စိတ်တစ်ပိုင်း ထည့်ပေးလိုက်ခြင်းဖြင့် iPhone users တွေရော Google အတွက်လည်း အကျိုးများလာမှာ ဖြစ်ပါတယ်။ လူတွေရဲ့နေ့စဉ်ဘ၀မှာ အသုံးပြုမှုများတဲ့ company နှစ်ခု အတူပူးပေါင်းလိုက်ခြင်းကြောင့် များစွာအကျိုးရှိလာနိုင်ပါတယ်။ လက်ရှိ ယနေ့အချိန်ထိ AI အသစ်တွေ version အသစ်တွေကို ချပြနေကြပေမယ့် မည်သည့် company မှ perfect အဆင့်ထိ မရရှိသေးပါဘူး။ Apple အနေနှင့် သူ့ရဲ့ AI အတွက် Google နှင့် ပူးပေါင်းလိုက်တယ်ဆိုပေမယ့် result တွေကိုတော့ ချက်ခြင်းမြင်တွေ့ရမှာ မဟုတ်သေးပါဘူး။

Apple နှင့် Google တို့ပေါင်းပြီး AI အတွက် Partnership သဘောတူညီမှုရယူ 1

ဒီသတင်းထွက်ရှိလာပြီးနောက်ပိုင်းမှာ Apple stock ကိုဝယ်ယူမှု တည်ငြိမ်လာပြီး Google stocks ဝယ်ယူနှုန်းတွေက ထောင်တက်လာပါတယ်။ Microsoft နှင့် OpenAI တို့ကတော့ ဒီသတင်းနှင့် ပတ်သက်ပြီးစောင့်ကြည့်နေပါတယ်။ ယခုသတင်းက Bloomberg ရဲ့ ပြောကြားချက်အရဖြစ်ပြီး နှစ်ဖက်ကြားက သဘောတူညီမှုတွေကိုတော့ အခုချိန်ထိတော့ မသိရသေးပါဘူး။ ​ေ

Exit mobile version