Apple က ၎င်းတို့ရဲ့ AI Model များအား လေ့ကျင့်သင်ကြားနိုင်ရန် သတင်းကုမ္ပဏီကြီးများ နဲ့ သဘောတူညီချက်များ ရယူရန် ကြိုးပမ်း နေကြောင်းသိရှိရ

Apple Company က ၎င်းတို့ရဲ့ AI Model များကို လေ့ကျင့်သင်ကြားပေးဖို့ အတွက် သတင်းအချက်အလက်များ ကိုအသုံးပြုနိုင်ရန် Condé Nast နဲ့ NBC News လိုမျိုး သတင်း ကုမ္ပဏီကြီးများနဲ့ သဘောတူညီမှုများ ရယူရန်ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ Company က ၎င်းတို့ရဲ့ သတင်းမှတ်တန်းများကို လိုင်စင်ချထားပေးရေးနဲ့ မျိုးဆက်သစ် AI systems များကို လေ့ကျင့်သင်ကြားတဲ့ နေရာမှာ အထောက်အကူဖြစ်စေရန် အဆိုပါအချက်အလက်များကို အသုံးပြုခြင်း နဲ့ပတ်သက်ပြီး သတင်း ကုမ္ပဏီကြီးများနဲ့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း The New York Times ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

Company က အနည်းဆုံး ဒေါ်လာ သန်း 50 တန်တဲ့ နှစ်ရှည် သဘောတူညီချက်များကို ဆွေးနွေးပြုလုပ်နေတာဖြစ်တယ်လို့ သိရှိရပြီး Condé Nast၊ NBC News နဲ့ IAC စတဲ့ သတင်း ကုမ္ပဏီကြီးများနဲ့ အဆက်အသွယ်ရှိတယ်လို့ သိရှိရပါတယ်။

Apple က ၎င်းတို့ရဲ့ AI Model များအား လေ့ကျင့်သင်ကြားနိုင်ရန် သတင်းကုမ္ပဏီကြီးများ နဲ့ သဘောတူညီချက်များ ရယူရန်ကြိုးပမ်း နေကြောင်းသိရှိရ

Apple Company က AI နည်းပညာနဲ့ ပတ်သက်ပြီး OpenAI, Microsoft, နဲ့ Google တို့လိုမျိုး အားပြင်းတဲ့ ပြိုင်ဆိုင်မှုများ မရှိခဲ့ပေမယ့် AI နည်းပညာအတွက် တစ်ရက်ကို ဒေါလာသန်းပေါင်းများစွာ အကုန်အကျခံကာ စမ်းသပ်အားထုတ်နေတယ်လို့ သိရှိရပါတယ်။ Apple က ၎င်းတို့ရဲ့ Siri ကို ပိုမိုကောင်းမွန်တဲ့ ပုံစံရှိတဲ့ Version ကို စမ်းသပ်ဖန်တီးနေတာဖြစ်ပြီး လာမည့် Big iOS Release တွေမှာ AI-focused Features များကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Bloomberg သတင်းငှာနက ဖော်ပြခဲ့ပါတယ်။

Exit mobile version