ChatGPT ရဲ့ Android Version ကို နောက်အပတ်ထဲတွင် မြင်ရတော့မည်

OpenAI ရဲ့ ChatGPT ကို iOS အတွက် ထုတ်ပေးခဲ့တုန်းက Download လုပ်ခဲ့တဲ့ အရေအတွက်ဟာ Threads ကို Download လုပ်တာထပ် ပိုများခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ChatGPT ရဲ့ iOS App ကို မိတ်ဆက်ပေးခဲ့ပြီး Android App ကိုလည်း မကြာမီမှာ ထုတ်ပေးမှာဖြစ်ကြောင်း ပြောခဲ့တဲ့အတိုင်း နောက်လာမယ့်အပတ်ထဲမှာ Android App ကို မြင်ရတော့မှာဖြစ်ကြောင်း OpenAI က ကြေငြာလိုက်တာ ဖြစ်ပါတယ်။ Android App ကို ထုတ်ပေးမယ့် ရက်အတိအကျကို ပြောပြထားခြင်း မရှိပေမယ့် Google Play Store မှာတော့ Preorder စလုပ်လို့ရပြီ ဖြစ်ပါတယ်။ လက်ရှိ ChatGPT ရဲ့ iOS Application ကတော့ အသုံးပြုရတာ နှေးနေကြောင်း အသုံးပြုသူများရဲ့ တိုင်ကြားချက်များထွက်ရှိထားကာ ဂျွန်လကစလို့ အသုံးပြုသူ နည်းလာတာလည်း တွေ့ရပါတယ်။

အခုအချိန်မှာ AI Chatbot ကို iOS နဲ့ Android Application နှစ်မျိုးစလုံး သုံးနိုင်တာက Microsoft ရဲ့ Bing AI တစ်ခုပဲ ရှိသေးပြီး ChatGPT ကတော့ iOS Application ထွက်ရှိထားကာ နောက်အပတ်ထဲမှာတော့ Android အတွက်ပါ ရရှိတော့မှာဖြစ်ပါတယ်။ Google ရဲ့ Bard AI ကတော့ လက်ရှိအချိန်ထိ Web ပေါ်မှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး Application ထုတ်မယ့် သတင်းလည်း မကြားသိရသေးပါဘူး။

Exit mobile version