ဘရာဇီးတွင် Android 15 ရဲ့ Anti-thief Feature ကို စမ်းသုံးနိုင်ပြီ

မေလတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Google I/O ပွဲကြီးအတွင်း မိတ်ဆက်ပေးခဲ့တဲ့ Android 15 တွင် ပါဝင်လာမယ့် Anti-thief Feature ကို ဘရာဇီးနိုင်ငံတွင် စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Antithief Feature ဟာ AI နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး ဖုန်းရဲ့ လှုပ်ရှားမှုများကို AI က စောင့်ကြည့်နေမှာ ဖြစ်ကာ မူမမှန်တဲ့ လှုပ်ရှားမှုများ ဖြစ်လာပါက သင့်ဖုန်း အခိုးခံနေရပြီ ဖြစ်ကြောင်း အသိပေးမှာဖြစ်သလို အလိုအလျှောက် အရေးပေါ် Lock ကျသွားမှာ ဖြစ်ပါတယ်။ Google ရဲ့ ပြောပြမှုအရ Anti-thief Feature မှာ Private Space ဆိုတဲ့ Password နဲ့ Lock ချထားတဲ့ နေရာတစ်ခုပါဝင်မှာ ဖြစ်ပြီး ၎င်းနေရာတွင် သင့်ရဲ့ အရေးကြီး Apps များနှင့် Data များကို သိမ်းထားပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

Android 15 တွင် Anti-thief Feature အပြင် သင့်လုပ်ငန်းများနှင့် အလွယ်တကူ ဆက်သွယ်နိုင်မယ့် Featuer အသစ်ကိုလည်း စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ၎င်း Feature (၂) မျိုးစလုံးဟာ ဘရာဇီးနိုင်ငံတွင်သာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။

Exit mobile version