Android 14 ရဲ့ Google Photos မှာ ရရှိလာတော့မှာ ဖြစ်တဲ့ Ultra HDR Support

Google ရဲ့ လာမယ့် Android 14 Update မှာ ဓာတ်ပုံ နဲ့ Video များအတွက် အရည်အသွေးကောင်းမွန်တဲ့ Ultra HDR Format ကို Support ပေးတော့မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ Format က ပုံမှန် 8-bit HDR ထက် ပိုမိုကျယ်ပြန့်တဲ့ အရောင်များနဲ့ တောက်ပမှုကို ဖမ်းယူနိုင်တဲ့ 10-bit HDR ကို အသုံးပြုမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Android 14 ရဲ့ Google Photos မှာ ရရှိလာတော့မှာ ဖြစ်တဲ့ Ultra HDR Support

Google Photo က Android 14 မှာ Ultra HDR ကို Support ပေးနိုင်တဲ့ ပထမဆုံး App တစ်ခုအနေနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ App ရဲ့ နောက်ဆုံး Version က Google Photos ကို အသုံးပြုတဲ့ User များအတွက် ပိုမိုတောက်ပသောအရောင်များနဲ့ အလင်းအမှောင်ပိုမို ကောင်းမွန်တဲ့ ဓာတ်ပုံများကို ရိုက်ကူး ကြည့်ရှုနိုင်ရန် Format အသစ်ကို ထုတ်ပြပေးခဲ့တာဖြစ်ပါတယ်။ Company က Google Photos မှာ ဓာတ်ပုံ နဲ့ Video များကို Backing up, Sharing, Editing, Downloading စတဲ့ လုပ်ဆောင်ချက်များကို Default Format အနေနဲ့ Ultra HDR Format ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google Photos ရဲ့ Ultra HDR Format ကို JPEG Images Files အနေနဲ့ ရရှိမှာ ဖြစ်တဲ့ အတွက် Device အားလုံးမှာ ကြည့်လို့ရမှာ ဖြစ်ပါတယ်။

Exit mobile version