AMD ရဲ့ ပထမဦးဆုံး Mobile Gaming Chip 7945HX3D ကို ချပြလိုက်ပြီ

AMD နဲ့ Asus တို့ ပူးပေါင်းကာ ROG Strix Scar 17 X3D ဆိုတဲ့ ၁၇ လက်မ Gaming Laptop ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ROG Strix Scar 17 X3D Gaming Laptop ရဲ့ အကြောင်းမဟုတ်ပဲ ၎င်း Gaming Laptop ထဲမှာ သုံးထားတဲ့ AMD ရဲ့ ပထမဦးဆုံး Mobile Gaming Chip 7945HX3D အကြောင်းပဲ ဖြစ်ပါတယ်။ 7945HX3D Chip မှာ 16 cores ၊ 32 threads ပါဝင်ပြီး Boost Clock က Up To 5.4GHz ဖြစ်ကာ ပါဝါကတော့ 55W+ TDP နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ 7945HX3D ရဲ့ ထူးခြားချက်ကတော့ Chip ရဲ့ အပေါ်မှာ AMD ရဲ့ 3D V-Cache အလွှာပါဝင်လာခြင်း ဖြစ်ပြီး 144MB အထိ Cache တွေကို သိုလှောင်ပေးနိုင်မှာ ဖြစ်တာကြောင့် CPU ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။

CPU မှာ Cache အလွှာထည့်တဲ့ နည်းပညာဟာ AMD ရဲ့ Ryzen 7 5800X3D Desktop Chip မှာ ကတည်းက စတင်တွေ့ခဲ့ရပြီး Intel ရဲ့ 12th Gen Core i9-12900K Chip မှာလည်း တွေ့နိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့် ၎င်း Chips တွေမှာ သုံးထားတဲ့ Cache အလွှာရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ 3D V-Cache လောက် မကောင်းခဲ့ပါဘူး။ ဒီလိုအဆင့်မြင့် Performance ပေးစွမ်းနိုင်တဲ့ 3D V-Cache နဲ့ AMD ရဲ့ 7945HX3D Chip ဟာ Mobile အတွက် Gaming Processor အနေနဲ့ ထုတ်ပေးခဲ့တာကြောင့် ကမ္ဘာ့ပထမဦးဆုံး Mobile Gaming Chip ဖြစ်တယ်လို့လဲ ပြောဆိုနေကြပါတယ်။

Asus ရဲ့ ROG Strix Scar 17 X3D ဟာ 1080p နဲ့ ထွက်လာမှာဖြစ်ပြီး Nvidia GeForce RTX 4090 Graphics ကို အသုံးပြုထားကြောင်း သိရပါတယ်။ RAM ကိုတော့ 32GB of DDR5 ကို သုံးထားပြီး Storage ကတော့ 1TB SSD ဖြစ်မယ်လို့ သိရပါတယ်။ Asus ရဲ့ ROG Strix Scar 17 X3D Gaming Laptop ကို သြဂုတ်လ ၂၂ ရက်နေ့မှာ ရောင်းချပေးမယ်လို့ ပြောထားတာကြောင့် AMD ရဲ့ ကမ္ဘာ့ပထမဦးဆုံး Mobile Gaming Chip ဖြစ်တဲ့ 7945HX3D ကို နောက်လထဲမှာ မြင်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version