AMD ၏ Ryzen 7000 X3D CPUs များအား ရောင်းချတော့မည်

အားလုံးစောင့်မျှော်နေကြတဲ့ AMD ရဲ့ လန်းစား Gaming CPUs တွေဖြစ်တဲ့ Ryzen 7000 X3D series CPUs များကို ဈေးကွက်ထဲ ရောက်ချရန် AMD မှ တရားဝင် ထုတ်ပြန်လိုက်ပြီး ဖြစ်ပါတယ်။

Zen 4 microarchitecture ကို အသုံးပြုထားတဲ့ Ryzen 7000 X3D CPUs တွေကို 64MB ရှိတဲ့ L3 3D V-Cache ဖြင့် ထပ်မံအဆင့်မြှင့်ထားတယ်လို့လည်း သိရပါတယ်။ CES 2023 ပွဲမှာ AMD က မိတ်ဆက်ပေးခဲ့တဲ့ CPUs တွေထဲမှာ Ryzen 7000 X3D series CPUs တွေဟာ လူတွေရဲ့ စိတ်ဝင်စားမှု အများဆုံးရခဲ့တဲ့ CPUs လည်း ဖြစ်ပါတယ်။ AMD ၏ ပြောပြမှုအရ Ryzen 7000 X3D series CPUs များဖြစ်တဲ့ 8-core Ryzen 7 7800X3D ၊ 12-core Ryzen 9 7900X3D နှင့် 16-core Ryzen 9 7950X3D တို့ကို ဖေဖော်ဝါရီလ (၁၄)ရက် Valentine’s Day တွင် စတင်ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ရောင်းချပေးမယ့် ဈေးအတိအကျကိုတော့ ထုတ်ပြောခြင်း မရှိသေးပါဘူး။

Ryzen 7000 X3D CPUs များ

Ryzen 7000 X3D series CPUs တွေကို သုံးလို့ရမယ့် MotherBoard တွေကတော့ X670E ၊ X670 ၊ B650E နှင့် B650 တို့ပဲ ဖြစ်ပါတယ်။ AMD ရဲ့ မိတ်ဆက်ထားပုံအရ Ryzen 7000 X3D series CPUs တွေဟာ Gaming လောကမှာ ရှိတဲ့ CPUs တွေ အားလုံးထပ် ကောင်းနေပါတယ်။ တကယ်ပဲ ကောင်းလား၊ မကောင်းလား ဆိုတာကို လာမည့် Valentine’s Day မှာ သိရတော့မှာ ဖြစ်ပါတယ်။

Exit mobile version