AMD က 2023 အတွက် အလန်းစား Chips တွေကို မိတ်ဆက်

CES 2023 မှာ AMD က Chips အလန်းတွေ မိတ်ဆက်

CES 2023 ပွဲမှာ AMD ရဲ့ CEO Lisa Su က 2023 မှာ ထုတ်လုပ်မယ့် အလန်းစား Chips တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းတို့ကတော့ Ryzen 7040 series ၊ Rayzen 7045XH series ၊ Radeon RX 7600M XT ၊ Ryzen 7 7800X3D ၊ Ryzen 9 7950X3D နှင့် INSTINCT MI300 တို့ပဲ ဖြစ်ပါတယ်။ Chips တွေအပြင် Alveo V70 accelerator ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

AMD at CES 2023 from YouTube

Ryzen 7040 series ၊ Rayzen 7045XH series ၊ Radeon RX 7600M XT တို့ကတော့ Laptop အတွက် Chips တွေဖြစ်ပြီး Ryzen 7 7800X3D ၊ Ryzen 9 7950X3D နှင့် INSTINCT MI300 တို့ကတော့ Desktop အတွက်ဖြစ်တယ်လို့ သိရပါတယ်။ ယခုမိတ်ဆက်ခဲ့တဲ့ AMD ရဲ့ Chips တွေထဲမှာ အထူးခြားဆုံးကတော့ INSTINCT MI300 ပဲဖြစ်ပါတယ်။

CES 2023 မှာပြသသွားတဲ့ AMD INSTINCT MI300 ပုံ

MI300 ဟာ ကမ္ဘာ့ပထမဦးဆုံး CPU ၊ GPU နှင့် Memory သုံးမျိုးလုံး ထည့်သွင်းထားတဲ့ Chips ပဲဖြစ်ပါတယ်။ MI300 မှာ 24 Zen 4 cores CPU ၊ 128GB ရှိတဲ့ HBM3 memory တို့ကို CDNA3 architecture နှင့် တွဲသုံးထားပြီး Transistors ပေါင်း 146 ဘီလီယံဖြင့် တည်ဆောက်ထားတာဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ အရမ်းကိုမြင့်မားတဲ့အတွက် ကမ္ဘာ့ အမြန်ဆုံး Chip ဖြစ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

CES 2023 မှာ ပြသသွားတဲ့ Ryzen 7 7800X3D နှင့် Ryzen 9 7950X3D တို့ပုံ

AMD မိတ်ဆက်ပေးသွားတဲ့ထဲမှ ဒုတိယ အကောင်းဆုံးကတော့ Ryzen 7 7800X3D နှင့် Ryzen 9 7950X3D ပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို AMD 3D V-Cache Technology နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး Destop တွေမှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Ryzen 7 7800X3D မှာ 8-Core ၊ 16-Thread ပါဝင်မှာ ဖြစ်ပြီး Ryzen 9 7950X3D ကတော့ AMD ရဲ့ ပထမဦးဆုံး 16-Core ၊ 32-Thread Chip ပဲဖြစ်ပါတယ်။ Ryzen 9 7950X3D ကို 12-Core ၊ 24-Thread နဲ့လည်း ရနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ Chips တွေကိုတော့ အသေးစိတ် မပြောတော့ပါဘူး။

AMD ရဲ့ CEO Lisa Su ဟာ CES 2023 ပွဲမှာ AMD ရဲ့ ပါတနာတွေဖြစ်တဲ့ Microsoft ၏ ထုတ်ကုန်အရာရှိ Panoy ၊ HP ၏ CEO Enrique Lores ၊ Lenovo မှ Matt Zielinski နှင့် Magic Leap ၏ CEO Peggy Johnson တို့ကို စင်ပေါ်ခေါ်ပြီး AMD ကို အသုံးပြုရတဲ့ ကောင်းကျိုး နှင့် 2023 အတွက် Plan အနည်းငယ်ကို ပြောဆိုသွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ အပေါ်မှာတင်ထားတဲ့ YouTube Video မှာ ကြည့်လို့ရပါတယ်။

Exit mobile version