Amazon က ဝန်ထမ်း ၉၀၀၀ ကျော်ကို ထပ်မံအလုပ်မှ ရပ်နား

amazon layoff

ကုမ္ပဏီကြီးတွေ ဝန်ထမ်းလျော့တာ အခုထိမပြီးသေးပါဘူး။ Amazon က ဝန်ထမ်းပေါင်း ၉၀၀၀ ကျော်ကို အလုပ်က ရပ်နားဖို့ စီစဥ်နေကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ကုမ္ပဏီဝန်ထမ်းတွေဆီ ပေးပို့ခဲ့တဲ့ စာတိုတစ်စောင်အရ သိရပါတယ်။

CEO Andy Jassy ပြောပြမှုအရ ကုမ္ပဏီရဲ့ ဝယ်လိုအားဟာ သူတို့ မျှော်မှန်းထားသလောက် မဖြစ်လာတာနဲ့ လက်ရှိတစ်ကမ္ဘာလုံးမှာ စီးပွားရေးကျဆင်းနေတာကြောင့် ကုမ္ပဏီရေရှည်တည်တံ့နိုင်ရေးနဲ့ အမြဲတမ်း ဝယ်ယူသူများကို ပိုမိုဂရုစိုက်နိုင်ရေးအတွက် အခုလို ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ ဒီတစ်ခါ အလုပ်မှရပ်နားခြင်းခံရမယ့် ဝန်ထမ်းများမှာ Amazon Web Services ( AWS) မှ ဝန်ထမ်းများ၊ Twitch မှ ဝန်ထမ်းများ၊ ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဝန်ထမ်းများနှင့် HR များ ပါဝင်တယ်လို့ သိရပါတယ်။

Amazon ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် ဂျန်နဝါရီလတုန်းက ဝန်ထမ်းပေါင်း ၁၈၀၀၀ ကျော်ကို အလုပ်မှရပ်နားခဲ့ပါသေးတယ်။ အဲဒီလို ရပ်နားမှုအပြီးမှာ Twitch CEO Emmett Shear ဟာ အလုပ်မှထွက်စာတင်ခဲ့ပါတယ်။ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် ဝန်ထမ်းတွေကို အလုပ်မှရပ်နားခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။

Twitch

Twitch နဲ့ ပတ်သက်ပြီး CEO Andy Jassy ပြောထားတာက Twitch မှာ Game Streaming လုပ်နေတဲ့ Streamer အကြီးစားများဟာ YouTube ကို ပြောင်းသွားကြလို့ Twitch မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အခုလို အလုပ်မှရပ်နားခြင်းခံလိုက်ရတဲ့ ဝန်ထမ်းတွေကို အလုပ်ထွက် လစာ၊ ကျန်းမာရေး စောင့်ရှောက်မှုအပြင် အခြားအလုပ်အကိုင်တစ်ခုအတွက် နေရာချထားရေးအထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၃ မှာ စီးပွားရေးတွေ ကျဆင်းနေတာနဲ့အညီ Meta ၊ Microsoft ၊ GoogleZoomYahoo နှင့် Amazon အစရှိတဲ့ ကုမ္ပဏီကြီးတွေမှာ ဝန်ထမ်းပေါင်းများစွာကို အလုပ်မှရပ်နားမှုတွေဖြစ်ပွားလာတာ တွေ့ရပါတယ်။

Exit mobile version