Alienware မှ Legend 3.0 Gaming Laptop အသစ်ကို မိတ်ဆက်

Dell ရဲ့ Gaming Laptop ဖြစ်တဲ့ Alienware ဟာ Legend ဆိုတဲ့ Trend တစ်ခုကို ဖန်တီးပြီးနောက်ပိုင်း Gaming လောကထဲ နေရာတစ်ခုရလာခဲ့ပါတယ်။ Alienware ရဲ့ Legend စာရင်း၀င် Laptops တွေဟာ အရမ်းကို ကောင်းတဲ့အတွက် လူကြိုက်များကြပါတယ်။ ယခုမှာလည်း Legend 3.0 စာရင်း၀င် m18 Gaming Laptop ကို ထပ်မံမိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Alienware ဟာ m18 နဲ့အတူ m16 နှင့် x16 တို့ကို မိတ်ဆက်ခဲ့ပြီး ပြန်လည်ဆန်းသစ်ထားတဲ့ x14 လည်းပါတယ်လို့သိရပါတယ်။ m18 ကတော့ လက်ရှိ Gaming Laptop တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ Alienware ရဲ့ m18 ဟာ ၁၈လက္မ screen ကို သုံးထားပြီး ပြီးခဲ့တဲ့ m17 ထပ် ၁၄.၅ ရာခိုင်နှုန်း ပိုကြီးတယ်လို့ သိရပါတယ်။ Gaming Laptop ဆိုတဲ့အတိုင်း အလေးချိန်နဲ့ ပတ်သက်ပြီးတော့ မပြောတော့ပါဘူး။

Alienware ၏ Legend Laptop များ

Alienware ရဲ့ m18 မှာ နောက်ဆုံးပေါ် features တွေဖြစ်တဲ့ Intel ၏ အမြန်ဆုံး 13th-gen HX mobile processors နှင့် NVIDIA ၏ နောက်ဆုံး Graphic ကို သုံးထားတယ်လို့ သိရတဲ့အပြင် AMD Ryzen chip နဲ့ အခြား Graphic ကိုလည်း ပြောင်းလဲ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ m18 မှာ အရမ်းမိုက်တာက Cooling System ပဲဖြစ်ပါတယ်။ Cooling System မှာ CPU နှင့် GPU တို့အတွက် အငွေ့ကန်က ထိန်းပေးမှာ ဖြစ်ပြီး အပူထိန်းပိုက် (၇)ခု နှင့် (၂၅)ရာနှုန်း လေလမ်းကြောင်း ပိုကောင်းရေးအတွက် ပန်ကာ (၄)ခုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။ Keyboard မှာတော့ Cherry MX mechanical keyboard ကို အသုံးပြုမလား အသုံးမပြုဘူးလားဆိုတာ ရွေးချယ်လို့ရပါတယ်။ Storage ပိုင်းမှာတော့ 9TB အထိ သုံးလို့ရမယ်လို့လည်း သိရပါတယ်။ Screen ကိုတော့ 65Hz quad-HD နှင့် 480Hz 1080p ဆိုပြီး (၂)မျိုး ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။ Laptop တစ်ခုလုံးရဲ့ power စုစုပေါင်းဟာ 250-watt လောက်ရှိမယ်လို့ သိရပါတယ်။

Alienware x16 Laptop

ကျန်တဲ့ Laptop တွေကိုတော့ အသေးစိတ် မရှင်းပြတော့ပါဘူး။ ယခုမိတ်ဆက်တဲ့ Laptops တွေထဲမှာ x16 ကတော့ သူ့ရဲ့ RGB System touchpad ကြောင့် အထင်ရှားဆုံးဖြစ်နေပါတယ်။ m18 ကို $2,899 နဲ့ စတင်ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ entry level အတွက် $2,099 တန်လည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ m16 ကိုတော့ အစပိုင်းမှာ $2,599 နဲ့ ရနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ $1,899 တန်လည်း ရနိုင်မယ်လို့သိရပါတယ်။ x16 ကတော့ အထင်ရှားဆုံးဖြစ်သလို ဈေးလည်းအကြီးဆုံးဖြစ်ပါတယ်။ x16 ဟာ $3,099 နဲ့ စတင်ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ $2,150 တန်ကိုလည်း ရနိုင်မှာဖြစ်ပါတယ်။ x14 ကိုတော့ နည်းဆုံး $1,799 လောက်ပေးရမယ်လို့လည်း သိရှိရပါတယ်။

Exit mobile version