Alibaba က ChatGPT နဲ့အပြိုင် ကိုယ်ပိုင် Chatbot AI ကို မိတ်ဆက်

Alibaba ဟာ သူတို့ကိုယ်ပိုင် chatbot တစ်ခုဖြစ်တဲ့ Tongyi Qianwen ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Alibaba ဟာ တရုတ်ကုမ္ပဏီဖြစ်တာနဲ့အညီ သူတို့ AI ရဲ့နာမည်ကို တရုတ်နာမည်ပဲ ပေးထားတာ တွေ့ရပါတယ်။

Alibaba ဟာ ဒီနှစ်အစောပိုင်းတုန်းက ChatGPT နဲ့ ပြိုင်မယ့်အရာတစ်ခုကို သူတို့ပြုလုပ်နေတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခုမှာတော့ Tongyi Qianwen AI ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Alibaba ရဲ့ ပြောပြမှုအရ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းထဲမှာ Tongyi Qianwen AI ကို ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Tongyi Qianwen
Tongyi Qianwen AI

Tongyi Qianwen AI မှာ Alibaba ရဲ့ workplace messaging app ဖြစ်တဲ့ DingTalk ကို ထည့်သွင်းပေးထားလို့ အင်္ဂလိပ်လိုသာမက တရုတ်လိုပါ အသုံးပြုနိုင်မယ်လို့ Alibaba က ပြောထားပါတယ်။ Tongyi Qianwen AI ကို အစည်းအဝေးတွေမှာ မှတ်စု၊ မှတ်တမ်းရေးသားသူအဖြင့်လည်း အသုံးပြုနိုင်သလို Email ရေးခိုင်းခြင်းနှင့် Proposals ရေးခိုင်းခြင်းတွေမှာပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Amazon ရဲ့ Alexa လိုမျိုး Voice Assistant ဖြစ်တဲ့ Tmall Genie ကိုလည်း ထည့်သွင်းပေးထားတယ်လို့ Alibaba က ပြောပြထားပါတယ်။

OpenAI ရဲ့ ChatGPT မှစလို့ လူတွေကြားမှာ AI ဟာ ခေတ်စားလာခဲ့ပြီး အခုဆိုရင် အနောက်နိုင်ငံတွေမှာတင်မဟုတ်ပဲ တရုတ်နိုင်ငံမှာပါ AI တွေကို တီထွင်ဖန်တီးလာတာ တွေ့လာရပြီ ဖြစ်ပါတယ်။ သို့ပေမယ့် နည်းပညာနယ်ပယ်မှာ ထင်ရှားကြော်ကြားကြတဲ့ ပုဂ္ဂိုလ်များစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့က AI တွေဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ခြိမ်းခြောက်မှုတွေပြုလုပ်လာနိုင်တာကြောင့် AI တွေကို အဆင့်မြှင့်ခြင်းအား ဆိုင်းငံ့ပေးရန် တောင်းဆိုထားတာ တွေ့ရသလို နိုင်ငံအတော်အများရှိ အချက်အလက် ကာကွယ်ရေး အာဏာပိုင်များကလည်း စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

AI and Human

တရုတ်နိုင်ငံရဲ့ Cyberspace စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း AI တွေကို ဖန်တီးရာမှာ အသုံးပြုထားတဲ့ အချက်အလက်တွေဟာ တရားဝင် မဝင်ဆိုတာနဲ့ ပတ်သက်ပြီး နည်းဥပဒေတစ်ခုကို ရေးဆွဲထားကာ ထိုနည်းဥပဒေကို အတည်ပြုရေးအတွက် တရုတ်ပြည်သူတွေက မေလ ၁၀ ရက်နေ့မှာ မဲပေးရမယ်လို့လည်း သိရပါတယ်။ အနောက်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အီတလီဆိုရင် လုံခြုံရေးအရ ChatGPT ကို ဒီလအစပိုင်းမှာ အသုံးပြုခွင့် ပိတ်တဲ့အထိ AI တွေ အားကောင်းလာတာ တွေ့ရပါတယ်။ ဒီလိုဆိုတော့ အနာဂတ်မှာ AI တွေကို ဘယ်လိုထိန်းချုပ်သွားမလဲ AI နဲ့ပတ်သက်ပြီး ဘယ်လိုဥပဒေတွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Exit mobile version