Adobe က Photoshop App ကို Web နဲ့ Mobile Version အတွက် စတင်မိတ်ဆက်

Adobe က Photoshop App ကို Web နှင့် iPhone အတွက် စတင်မိတ်ဆက်လိုက်ပြီး၊ Android အတွက်လည်း မကြာမီ ရရှိမည်ဟု ကြေညာခဲ့တာဖြစ်ပါတယ်။ တော်တော်များများ သိပြီးသား ဖြစ်တဲ့ Adobe ရဲ့ Photoshop App က ဓာတ်ပုံများကို Editing လုပ်တဲ့နေရာများ ထိပ်ဆုံးကရှိနေတာ ဖြစ်ပါတယ်။ အရင်က Photoshop ကို Desktop ပေါ်မှာသာ အသုံးပြုလို့ ရနိုင်ပြီး အခုချိန်မှာတော့ iOS၊ Web နှင့် Android စတဲ့ Platform များမှာပါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Adobe က Photoshop App ကို Web နဲ့ Mobile Version အတွက် စတင်မိတ်ဆက်

Adobe Photoshop App ရဲ့ Photoshop Mobile & Web plan က Application ကိုသီးသန့် Download မလိုပဲ အသုံးပြုနိုင်ရန် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Mobile Version နဲ့ Web app များအကြား လက်ရှိလုပ်နေတဲ့ Project Data များကို ချိတ်ဆက်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ iOS Mobile အတွက် အခမဲ့ Version မှာ Based Editing Tool များကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Pro Version အတွက် Photoshop Mobile & Web plan ကို သီးသန့် ဝယ်ယူလို့ ရမှာဖြစ်ပြီး Creative Cloud Membership ဝင်ထားပြီးတဲ့ သူများအတွက်တော့ ထပ်ဝယ်စရာမလိုပဲ Tool အားကိုအသုံးပြုလို့ ရမှာဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version