Adobe ရဲ့ Max Conference မှာ မိတ်ဆက်ခဲ့တဲ့ AI tool များ

Adobe က သူ့ရဲ့ Max Conference မှာ AI tools အသစ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Animation, Image Generation, ဗီဒီယို နဲ့ ဓာတ်ပုံတွေထဲက မလိုချင်တဲ့ အရာတွေကို အလိုအလျောက်ဖယ်ရှားပေးနိုင်တဲ့ ကိရိယာတွေပါဝင်တာ ဖြစ်ပြီး Creative သမားတွေအတွက် အလုပ်ပိုပြီး သက်သာစေမှာ ဖြစ်တယ်လို့ Adobe ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

Project Scenic

ပထမဆုံး Tool က “Project Scenic” လို့ခေါ်ပြီး Firefly model ကို အခြေခံထားတယ်လို့ သိရပါတယ်။ 3D scene တစ်ခုကို ဖန်တီးပြီး အရာဝတ္ထုတွေကို ကြိုက်တဲ့နေရာကို ထည့်တာတို့ ရွှေ့တာတို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံအနေအထားရရင်တော့ 2D image တစ်ခုကို ထုတ်လို့ ရမှာဖြစ်ပါတယ်။

Project Motion

နောက်ထပ် Tool တစ်ခုကတော့ “Project Motion” ဖြစ်ပြီး လိုချင်တဲ့ animation ပုံစံတွေကို လွယ်ကူစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေနဲ့ ရိုးရှင်းတဲ့ ပုံတွေကို Motion effects ထည့်ကာ Text Description နဲ့ Reference Images တွေကို အသုံးပြုပြီး Background, Color, Texture တွေထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

Project Clean Machine

နောက်ဆုံး Tool တစ်ခုဖြစ်တဲ့ “Project Clean Machine” က တော်တော်အသုံးဝင်ပြီး အချိန်ကုန်သက်သာစေမယ့် Ai Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool က ဓာတ်ပုံနဲ့ ဗီဒီယိုထဲက မလိုချင်တဲ့ အရာတွေကို ဖယ်ရှားပေးပြီး၊ Camera Flash, Unwanted People လို Distracting Effects တွေကို အလိုအလျောက် ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ AI tool တွေက လောလောဆယ်တော့ Sneaks(Beta) အနေနဲ့ချပြခဲ့တာ ဖြစ်ပြီး Public အတွက်တော့ အသုံးပြုလို့ရသေးမှာ မဟုတ်ပါဘူး။

Exit mobile version