ကောလဟာလ သတင်းများအရ ပြန်လည်ဆန်းသစ်ထားတဲ့ iPads တွေ ဒီအပတ်ထဲမှာ ထွက်ရှိမည်

လက်ရှိ ထွက်နေတဲ့ ကောလဟာလ သတင်းများအရ မထွက်တာကြာပြီဖြစ်တဲ့ iPad ကို ပြန်လည်ဆန်းသစ်ကာ ဒီအပတ်ထဲမှာ Apple က ထုတ်လုပ်ရောင်းချသွားနိုင်ကြောင်း သိရပါတယ်။

iPad အသစ်ရောင်းချပေးမယ့်သတင်းကို 9to5Mac သတင်းဌာနက စတင်ပြောခဲ့ပြီး အခြားသော သတင်းများမှာလည်း တွေ့နေရပါတယ်။ Bloomberg သတင်းဌာနကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။ 9to5Mac ရဲ့ ပြောကြားထားမှုအရ အသစ်ထွက်ရှိလာမယ့် iPad Air နဲ့ iPad Mini တို့မှာ M2 နဲ့ A16 Bionic Chips တို့ အသီးသီးပါဝင်လာကြာမယ်လို့ပါ ပြောထားတာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်ရှိထားတဲ့ A15 Bionic Chips နဲ့ iPad Mini ပြီးနောက် iPad အသစ်ကို မမြင်ရတာ ပုံမှန်ထက် (၂) ဆလောက် အချိန်ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း ထောက်ပြထားပါသေးတယ်။

ဒါ့ကြောင့် ကောလဟာလသတင်းများရဲ့ သုံးသပ်မှုတွေဟာ ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် Apple ဟာ ထုတ်ပြန်ကြေငြာခြင်းမရှိပဲ အသုံးပြုသူများကို Suprise တိုက်တဲ့အနေနဲ့ iPad အသစ်တွေကို Store မှာ တိုက်ရိုက်ရောင်းချသွားမလားဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version