Google က Android မှာရှိတဲ့ Search Bottom ကို ဒီဇိုင်းအသစ်ပြောင်းရန် စမ်းသပ်

Google

Google Company က Smart Phone မှာပါဝင်တဲ့ Google App တွေရဲ့ Bottom Search Bar ကို 2021 ခုနှစ်လောက်က ပုံစံအသစ်နဲ့ စတင်ထည့်သွင်းတဲ့တာ ဖြစ်ပြီး ခုချိန်မှာ Google က သူတို့ရဲ့ Open-source design system ဖြစ်တဲ့ Material 3 (M3) ပုံစံ Bottom Search UI ကို ဒီီဇိုင်းအသစ်အဖြစ် အသုံးပြုရန် စမ်းသပ်မှုများ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Google က Android မှာရှိတဲ့ Search Bottom ကို ဒီဇိုင်းအသစ်ပြောင်းရန် စမ်းသပ် 1

လက်ရှိ Google app ရဲ့ အောက်ခြေ Search Bar က လေးထောင့် ကျကျပုံစံ ရှိနေပြီး URL Typing Bar က အပေါ်ဘက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ပြောင်းလဲလာမယ့် Google app ရဲ့ UI Interface ဒီဇိုင်းက ပုံမှာပြထားတဲ့ အတိုင်း URL Typing Bar ကို အောက်ခြေ Search Bar မှာဘဲ ထည့်သွင်းလိုက်ပြီး App ရဲ့ အပေါ်ဘက်မှာတော့ Google Logo နဲ့ AI Search Bar တစ်ခုသာရှိတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းအသစ် အရမ်းကြီး ပြောင်းလဲသွားတာမဟုတ်ဘဲ အနည်းသာပြောင်းလဲ သွားတာဖြစ်ပါတယ်။

Exit mobile version