2024 ခုနှစ်အတွင်းမှာ ထွက်ရှိလာနိုင်မှာ ဖြစ်တဲ့ PS5 Pro

Sony က ဒီနှစ်အလယ်ပိုင်းလောက်မှာ Player များစောင့်မျှော်နေကြတဲ့ PS5 ရဲ့ Pro ဗားရှင်းကို ဖြန့်ချီတော့မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Kantan Games က ဂိမ်းသတင်းအကြောင်းရာများကို လေ့လာနေသူ Serkan Toto က PS5 Pro ကို ဒီနှစ်အတွင်းမှာ မြင်ရတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

PS5 Pro ရဲ့ စျေးနှုန်း သက်မှတ်ချက်များကိုတော့ သေချာမသိရသေးပါဘူး။ အရင် PS4 ကို $399 နဲ့ရောင်းချခဲ့တာ ဖြစ်ပြီး PS4 Pro ကိုလဲ PS4 နဲ့စျေးအတူတူဘဲရောင်းချခဲ့တာ ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရ PS5 Pro ကိုလဲ PS5 စျေးနှုန်း $499 နဲ့ဘဲ ရောင်းချလာနိုင်တယ်လို့ သိရှိရပါတယ်။ ဒီဇိုင်းပိုင်းကတော့ PS5 အတိုင်းဘဲ ထူးထူးခြားခြားပြောင်းလဲမှု ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Body ပိုင်းကတော့ ပိုပြီးထူလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

PS5 Pro မှာပါဝင်လာနိုင်တဲ့ Specification များကို ဖော်ပြပေးလိုက်ပါတယ်။

-CPU: AMD Zen 2 CPU with a dynamic frequency that peaks at 4.4GHz
-GPU: Radeon custom RDNA3 architecture with a target frequency at 2GHz and 14 -29 TFlops
-Memory: 16GB DDR6 at 576 GB/s bandwidth
-NPU: XDNA2 NPU for stable upscaled 4K output

Exit mobile version