2024 ခုနှစ်မှာ ထွက်ရှိမှာ ဖြစ်တဲ့ Wi-Fi 7 မှာ ဘာတွေပါဝင်လာမလဲ

Wi-Fi ရဲ့ Next Generation ဖြစ်တဲ့ Wi-Fi 7 ကို ၂၀၂၄ ခုနှစ်အစောပိုင်းလလောက်မှာ ထွက်ရှိလာနိုင်တယ်လို့ သိရှိရပြီး ၎င်းက Wi-Fi 6 ထက် Speed, Latency နဲ့ Reliability တို့ကို မြင့်တင်မှု အများကြီးပြလုပ်ထားတာဖြစ်ပါတယ်။ Wf-Fi 7 အဓိက Feature များထဲက တစ်ခုမှာ 6 GHz Band နှုန်းနဲ့လည်ပတ်နိုင်တာ ဖြစ်ပြီး လက်ရှိ Wi-Fi 6 က 2.4 GHz နဲ့ 5 GHz bands လောက်ဘဲ အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။

Wi-Fi 7 ကို Multi-link operation (MLO) နည်းပညာကို အသုံးပြုထားတာဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါနည်းပညာက Wi-Fi စက်များကို မတူညီသော လိုင်းများနဲ့ ချန်နယ်များကြားမှာရှိတဲ့ လင့်ခ်များစွာကို ပေါင်းစပ်ပြီး မြန်နှုန်းမြင့်တဲ့ ချိတ်ဆက်မှုတစ်ခုဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်တဲ့ အတွက် ဂိမ်းကစားတာတို့ Video များကို တိုက်ရိုက်ကြည့်တဲ့အခါ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ လိုင်းဆွဲအားကို ရရှိစေမှာ ဖြစ်ပါတယ်။

2024 ခုနှစ်မှာ ထွက်ရှိမှာ ဖြစ်တဲ့ Wi-Fi 7 မှာ ဘာတွေပါဝင်လာမလဲ

Wi-Fi 7 မှာMLO အပြင် Multi-resource units (MRUs)၊ Punctured multi-link operation (PMLO) နဲ့ ပြန်လည်ပြုပြင်ထားတဲ့ 4K-QAM(quadrature amplitude modulation) စတဲ့ Feature များလဲပါဝင်လာမှာ ဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် Wi-Fi 7 က ဖိုင်ဆိုဒ်ကြီးများကို ဒေါင်းလုဒ်လုပ်တဲ့အခါ ဒါမှမဟုတ် ဂိမ်းကစားတာတို့ Video များကို တိုက်ရိုက်ကြည့်တဲ့ အခါ အရင် Model တွေထက် သိသိသာသာ လိုင်းဆွဲအား ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Latency နှုန်းတွေကိုလဲ ပိုမိုလျှော့ချပေးထားတာဖြစ်တဲ့ အတွက် စက်တစ်ခုကနေ တစ်ခုဆီ ဒေတာသွားလာတဲ့ အချိန်နှုန်း Latency ကနည်းသွားမှာဖြစ်ပါတယ်။ Latency နှုန်းနည်းသွားတဲ့ အတွက် Zoom Meeting တို့လိုမျိုး အချိန်နဲ့တစ်ပြေးညီ အသုံးပြုရတဲ့ App တွေအတွက် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ Wi-Fi 7 က အစောပိုင်းအဆင့်(စမ်းသပ်ဆဲ) မှာဘဲရှိသေးတာဖြစ်တဲ့ အတွက် ဘယ်ချိန်အသုံးပြုလို့ ရနိုင်မလဲ ဆိုတဲ့ အချိန်အတိအကျကို တော့ မသိရသေးပါဘူး။

Exit mobile version