Samsung ရဲ့ Galaxy Unpacked ပွဲကို ဇူလိုင်လထဲတွင် ကျင်းပမည်

၂၀၂၃ ခုနှစ်အတွက် Samsung ရဲ့ Galaxy Unpacked ပွဲကို ဇူလိုင်လ အကုန်လောက်မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း Samsung က တရားဝင် ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ပွဲကျင်းပမယ့် ရက်ကို အတိအကျပြောပြထားတာ မရှိသေးပေမယ့် တောင်ကိုးရီးယားရဲ့ ဆိုးလ်မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုးလ်မြို့မှာ Galaxy Unpacked ပွဲကို ကျင်းပတာ ပထမဦးဆုံးဖြစ်သလို ဆိုးလ်မြို့ကို ရွေးချယ်ရတဲ့ ရည်ရွက်ချက်လည်း ရှိနေပါတယ်။ ဆိုးလ်မြို့ဟာ ဆန်းသစ်တီထွင်မှုနဲ့ ယဥ်ကျေးမှုတို့ရဲ့ ဗဟိုချက်မ ဖြစ်သလို ခေါက်ဖုန်းကို စတင်တီထွင်နိုင်ခဲ့တဲ့ မြို့လည်း ဖြစ်တာကြောင့် ဆိုးလ်မြို့ကို ရွေးချယ်တာဖြစ်တယ်လို့ Samsung က ပြောပါတယ်။

Galaxy Unpacked ပွဲမှာ အဓိကထား မိတ်ဆက်ပေးသွားမှာကလည်း ခေါက်ဖုန်းဖြစ်ပြီး ခေါက်ဖုန်းတွေဟာ Samsung ကို ကိုယ်စားပြုနေကာ ဖုန်းတွေရဲ့ အနာဂတ်ကို ပုံဖော်ရန် တိုက်တွန်းပေးနေတဲ့ ဆန်းသစ်တီထွင်မှု ဖြစ်တာကြောင့် နောက်ပိုင်းမှာလည်း Galaxy Unpacked ပွဲတွေမှာ ခေါက်ဖုန်းတွေကိုပဲ အဓိကထားသွားမှာဖြစ်လို့ သတ်မှတ်ထားတဲ့ စံချိန်နဲ့ ကိုက်ညီတဲ့ မြို့အသီးသီးမှာပဲ ကျင်းပသွားမယ်လို့ Samsung ကပြောပါတယ်။

ကောလဟာလ သတင်းများအရ Galaxy Unpacked ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပြီး အရင်နှစ်တွေထပ်တော့ အနည်းငယ်စောပြီး ကျင်းပလိုက်တာ တွေ့ရပါတယ်။ ၂၀၂၂ တုန်းက Galaxy Unpacked ပွဲမှာ Galaxy Z Fold 4 နဲ့ Z Flip 4 တို့ကို မိတ်ဆက်ပေးခဲ့တာကြောင့် ဒီနှစ်မှာ Galaxy Z Fold 5 နဲ့ Z Flip 5 တို့ကို မိတ်ဆက်ပေးမယ်လို့ ခန့်မှန်း ထားကြပါတယ်။

Exit mobile version