Intel ရဲ့ နောက်ဆုံးထုတ် 13th Gen Intel Core i9-13900KS ကို စတင်ရောင်းချ

ဂျန်နဝါရီလ ၁၂ ရက်နေ့က စလို့ Intel ရဲ့ နောက်ဆုံးထုတ် 13th Gen Intel Core i9-13900KS CPU ကို စတင်ရောင်းချနေပြီးဖြစ်ပါတယ်။ Intel ၏ 13th Gen Intel Core i9-13900KS ဟာ ကမ္ဘာ့ပထမဦးဆုံး 6GHz ရတဲ့ CPU တစ်ခုဆိုလည်း မမှားပါဘူး။

6GHz ရတဲ့ Intel Core i9-13900KS မှာ 24 cores (eight Performance-cores and 16 Efficient-cores) ၊ 32 threads ပါဝင်ပြီး 36MB Intel Smart Cache ဖြင့် အဆင့်မြှင့်ထားတယ်လို့ သိရပါတယ်။ PCIe lanes စုစုပေါင်း 20 lanes (16 PCIe 5.0 and 4 PCIe 4.0 lanes) ပါဝင်မှာဖြစ်ပြီး power ကတော့ 150W ဖြစ်ပါတယ်။ Overclocking မပါဘူးလို့လည်း သိရပါတယ်။

Intel Core i9-13900KS ပုံ

Intel Core i9-13900KS ဟာ Intel Core i9-13900K နှင့် တူပေမယ့် Intel Core i9-13900K ထပ်တော့ 3GHz ပိုတဲ့ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ Intel Core i9-13900KS ကို Z790 နှင့် Z690 motherboards တွေမှာ BIOS update လုပ်ပြီး အသုံးပြုလို့ရမှာ ဖြစ်ပြီး $699 နဲ့ ရောက်ချပေးနေတယ်လို့ သိရပါတယ်။ AMD ၏ Ryzen 7000 X3D CPUs တွေကိုလည်း လာမည့် Valentine’s Day မှာ ရောင်းချပေးမှာ ဖြစ်လို့ 2023 အတွက် ဘယ် CPU က အကောင်းဆုံးဖြစ်မလဲဆိုတာ မကြာခင် သိရပါတော့မယ်။

Exit mobile version