အလုပ်အင်တာဗျုးတစ်ခုမှာ သင့်အနေနဲ့ အင်တာဗျူးက အဆင်ပြေပြီး အလုပ်ရှင်က မျှော်မှန်းလစာကို မေးလာတဲ့အခါမှာ ဒီအချက်တွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ မျှော်မှန်းလစာကို ကောင်းစွာဖြေနိုင်မှာပါ။ ဒီမေးခွန်းက သင့်အပေါ် အထင်ကြီးထားတဲ့ အလုပ်ရှင်ရဲ့ အမြင်က ပြောင်းလဲသွားနိုင်သလို စိတ်ကျေနပ်သွားနိုင်တဲ့ နောက်ဆုံးမေးခွန်းလည်း ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနှင့် သင့်အနေနှင့် သင့်ကို ဘာကြောင့်သူဌေးက ငှားလဲဆိုတာ သိဖို့လိုပါတယ်။ အလုပ်ရှင်အနေနှင့် သင်ဘယ်လောက်ရင့်ကျက်လဲဆိုတာ စစ်ဆေးတဲ့ မေးခွန်းလည်းဖြစ်ပါတယ်။ အလုပ်အပေါ် ဘယ်လောက်ကျွမ်းကျင်လဲဆိုတာလည်း စစ်တဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ သင့်အနေနှင့် လုပ်သက်က ၂နှစ်ပဲရှိသေးတယ်ဆိုရင်တော့ လစာကို အများကြီးမတောင်းသင့်ပါဘူး။ အခြေခံလစာနှင့် မတိမ်းမယိမ်းပဲ တောင်းသင့်ပါတယ်။ အလုပ်ရှင်တော်တော်များများက ဝန်ထမ်းတွေအတွက်ပေးမယ့်လစာကို အမြဲတွက်ချက်ပြီးသားဖြစ်တာမို့ သူတို့အနေနှင့် သင့်ကိုပေးမယ့်လစာက စဉ်းစားထားပြီးသားဖြစ်ပါတယ်။ သင့်အနေနှင့် တောင်းလိုက်တဲ့ လစာက နည်းသွားမည်ဆိုတာကို စဉ်းစားနေပါက အမှားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အလုပ်အင်တာဗျူးမသွားခင် အိမ်စာကို လုပ်သွားဖို့ လိုအပ်ပါတယ်။ အခုဖော်ပြမယ့် website တွေကို သင့်အနေနှင့် ကြည့်သွားပါက လုပ်ငန်းခွင်မှာ ပေးနေကြလစာကို သင့်အနေနှင့် အကြမ်းမျဉ်းသိသွားနိုင်ပါတယ်။ Ziprecruiter, salary.com, Glassdoor နှင့် Indeed တို့ပဲ ဖြစ်ပါတယ်။ ဒီ website တွေမှာ လုပ်ငန်းခွင်မှာပေးတဲ့ လစာတွေကို ထင်ထင်ရှားရှားတွေ့နိုင်တာကြောင့် သင့်အနေနှင့် ချိန်ဆလို့ရပါတယ်။
နောက်တစ်ခုလုပ်ရမည့်အချက်က သင့်ရဲ့တန်ဖိုးကို သိအောင်လုပ်ထားဖို့လိုပါတယ်။ သင့်အနေနှင့် လစာအပြင် သင်အပိုလုပ်နိုင်မည့်အရာတွေကို အလုပ်ရှင်ကသိထားဖို့လိုပါတယ်။ သင့်အနေနှင့် ပေးတဲ့လစာထက် ပိုကောင်းအောင် လုပ်နုင်တယ်ဆိုတာကို အလုပ်ရှင်သိတဲ့အခါ သင့်ကို လစာအနည်းနဲ့အများ တိုးပေးနိုင်ပါတယ်။ ဒီတစ်ချက်က အရေးကြီးဆုံးအချက်ပါပဲ။ လစာကို ဖြေတဲ့အခါမှာ အတိအကျမဖြေပဲ သင့်အနေနှင့် ထိုက်သင့်တဲ့လစာကို range တစ်ခုအနေနှင့်တောင်းပါ။ ဥပမာ လစာ ဒေါ်လာ ၃၀၀၀ မှ ၄၀၀၀ အတွင်းစသဖြင့် ဖြေကြားနိုင်ပါတယ်။ နောက်ဆုံးအရေးကြီးဆုံးအချက်က လစာအပြင် ခံစားခွင့်ဖြစ်တဲ့ ကျန်းမာရေးအာမခံနှင့် stock အနည်းငယ်ကို ခံစားခွင့်မျိုးတောင်းပါ။ Stock အနည်းငယ်ကို ခံစားခွင့်က ဝန်ထမ်းရဲ့လုပ်အားတွေနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး company ကောင်းလာနှင့်အမျှ Stock စျေးကွက်လည်း တက်လာတဲ့အခါ ဝန်ထမ်းတွေလည်း အကျိုးခံစားခွင့်ကို ရရှိလာနိုင်ပါတယ်။ ဥပမာ Nvidia company stock စျေးကွက်တက်လာခြင်းကြောင့် ဝန်ထမ်းတွေပါ အမြတ်အစွန်းရရှိလာတာမျိုး ဖြစ်ပါတယ်။ အလုပ်ရှင်အနေနှင့် သင့်ကို အလုပ်ခန့်ပြီး အစမ်းခန့်လို့ပြောတဲ့အခါမှာလည်း မျှော်မှန်းလစာကို ရရှိအောင် ပြတ်ပြတ်သားသားဆွေးနွေးတာမျိုး လုပ်ထားဖို့လည်း အရေးကြီးပါတယ်။
Discussion about this post