အင်တာနက်မှာရှိနေတဲ့ အချိန်တွေရဲ့ ဖခင် (သို့) David Mills အသက် (၈၅) တွင်ကွယ်လွန်

ယနေ့ အင်တာနက်မှာ မြင်တွေ့နေရတဲ့ Time အချိန်တွေကို ရရှိအောင် ပထမဦးဆုံးကြိုးပမ်းခဲ့တဲ့ ကွန်ပျူတာပညာရှင် David Mills ကတော့ ဇန်နဝါရီလ ၁၇ရက်နေ့ ​အသက် ၈၅ မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ၁၉၃၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး Network Time Protocol (NTP) ကို ပထမဦးဆုံး Develop လုပ်ခဲ့တဲ့ ကွန်ပျူတာပညာရှင်လည်း ဖြစ်ပါတယ်။

Network Time Protocol (NTP) ဆိုတာဘာလဲ?

အင်တာနက်မှာရှိနေတဲ့ အချိန်တွေရဲ့ ဖခင် (သို့) David Mills အသက် (၈၅) တွင်ကွယ်လွန် 1

NTP ဆိုတာကတော့​ ကွန်ပျူတာတွေမှာ အချိန်တွေကို ထပ်တူကျအောင် ပြုလုပ်ပေးနိုင်တဲ့ system တစ်ခုဖြစ်ပါတယ်။​ ဥပမာ အင်တာနက်ကတစ်ဆင့် ဆက်သွယ်ရေးပြုလုပ်တဲ့အခါ၊ ပိုက်ဆံလွှဲတဲ့အခါမျိုးမှာ အချိန်ကို တိတိကျကျ တစ်ထပ်တည်းဖြစ်အောင် လုပ်ထားတဲ့ system တစ်မျိုးဖြစ်ပါတယ်။ အချိန်ထပ်တူကျမှ Transaction ပြုလုပ်ခဲ့တဲ့အချိန်ကို တိတိကျကျ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် အင်တာနက်မှာ အချိန်ကိုတိတိကျကျ အသုံးပြုပြီးလုပ်ရတဲ့အရာမျိုးအားလုံးက NTP ပေါ်အခြေခံပါတယ်။ NTP ကြောင့် ယနေ့ လမ်းပန်းပို့ဆောင်ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာ Transaction တွေအားလုံးက ချောမွေ့နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် ပထမဦးဆုံး Develop လုပ်ခဲ့တာကတော့ David Mills ပဲ ဖြစ်ပါတယ်။

အင်တာနက်မှာရှိနေတဲ့ အချိန်တွေရဲ့ ဖခင် (သို့) David Mills အသက် (၈၅) တွင်ကွယ်လွန် 2

Dr David Mills က ၁၉၇၁ ခုနှစ်၊ University of Michigan မှာ ပထမဦးဆုံး Ph.D in Computer and Communication Sciences ကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ University of Delaware မှာ ပရောဖက်ဆာဖြစ်လာပြီး NTP ကို Research and Development လုပ်လာခဲ့ပါတယ်။ IETF (Internet Engineering Task Force) လို့ခေါ်တဲ့အဖွဲ့အစည်း မှာ အားသွန်ခွန်စိုက်ကြိုးပမ်းလာပြီး အင်တာနက်ကို တိုးတက်လာအောင် ကြိုးပမ်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ NTP system ကို develop လုပ်လာပြီးနောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးက NTP system ကို အသုံးပြုလာကြပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ပရောဖက်ဆာရာထူးက အနားယူခဲ့ပါတယ်။ သို့ပေမယ့် ကွန်ပျူတာ လောကအတွက် သူ့ရဲ့လမ်းညွှန်ပြသမှုတွေက ယနေ့ချိိန်ထိ ကျန်ရှိနေပါတယ်။

NTP သာမပေါ်ခဲ့ရင် ယနေ့ လူတွေအသုံးပြုနေကြတဲ့ အင်တာနက်ပေါ်က ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနှင့် ဂြိုလ်တု satellite လုပ်ငန်းတွေက များစွာအခက်တွေ့မှာ ဖြစ်ပါတယ်။

Exit mobile version