သွေးလဲတဲ့နေရာမှာ အဆင်ပြေအောင် ဖန်တီးထားတဲ့ VR app

ဓါတ်ခွဲခန်းထဲကလူတွေနှင့် ဆေးဝါးပညာရှင်တွေအတွက် လူတွေရဲ့သွေးသွင်းခြင်း၊ သွေးထုတ်ခြင်းတွေမှာ အဆင်ပြေမှုရှိမရှိ VR Headset တပ်ဆင်ပြီး စမ်းသပ်နိုင်ပါပြီ။ ဒီ App နာမည်က “NHSBT Blood Identification” လို့အမည်ရပါတယ်။ လက်ရှိမှာ Meta Quest VR Device တွေမှာ အသုံးပြုလို့ရပြီး ဆေးကျောင်းသားတွေနှင့် လူနာတွေရဲ့ သွေးအထုတ်အသွင်းကို စမ်းသပ်နိုင်နေပါပြီ။

သွေးလဲတဲ့နေရာမှာ အဆင်ပြေအောင် ဖန်တီးထားတဲ့ VR app 1

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Rajpal Singh က ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်အလုံအလောက် မထုတ်လွှတ်နိုင်တဲ့ ရောဂါဖြစ်နေပါတယ်။ ဒါကြောင့် သွေးကို မကြာခဏပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ နှစ်တိုင်းမှာ သွေးသွင်းဖို့အတွက် လုံလောက်တဲ့သွေးအမျိုးအစားတွေရရှိပေမယ့် တည့်မတည့် စမ်းသပ်ဖို့ လိုအပ်ပါတယ်။ ယခု VR app နှင့် သွေးအမျိုးအစားတွေက သူ့အတွက် စမ်းသပ်ဖို့ အရမ်းလွယ်ကူသွားခဲ့ပါတယ်။ Sample သွေးရရှိရုံနှင့် VR app က သူ့အတွက် သွေးအမျိုးအစားတည့်မတည့်ကို တွက်ချက်ပေးနိုင်ပါတယ်။ သူကိုယ်တိုင် သွေးတွေ တည့်မတည့်ကို VR headset ဝတ်ဆင်ပြီး စမ်းသပ်နိုင်တာကြောင့် အင်မတန်အသုံးဝင်တဲ့ VR app ဖြစ်လာခဲ့ပါတယ်။

သွေးလဲတဲ့နေရာမှာ အဆင်ပြေအောင် ဖန်တီးထားတဲ့ VR app 2

ဒီ App ကို ပထမ professional training အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုမှာတော့ ကျောင်းသားတွေနှင့် အခြားဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေပါ အသုံးပြုနေကြပြီဖြစ်ပါတယ်။ England မှ ဆေးဖက်သိပ္ပံဆိုင်ရာ အကြီးကဲဖြစ်တဲ့ Vicki Chalker က ဒီ VR app က ဆေးဖက်ဆိုင်ရာနယ်ပယ်ထဲမှာ အသုံးတည့်ပြီး အခုလိုအသုံးဝင်တာကြောင့် အရမ်းအံ့ဩခဲ့ရတယ်လို့ ဆိုပါတယ်။ လူငယ်တွေရော၊ ဆရာဝန်တွေရော ဒီ VR app နည်းတူအခြား app တွေပေါ်လာဖို့လည်း စောင့်မျှော်နေတယ်လို့ ဆိုခဲ့ပါတယ်။

Exit mobile version