မကြာတော့မယ့်အချိန်မှာ Google က Browser အတွက် နောက်ထပ် AI ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် AI နာမည်ကိုတော့ Jarvis လို့ အမည်ပေးထားပြီး ဒီဇင်ဘာမှာ မြင်တွေ့ရနိုင်ပါတယ်။ Jarvis က Ironman ရုပ်ရှင်ထဲက AI နာမည်နှင့် တူပြီး Ironman က Jarvis ကို အမိန့်ပေးသလိုမျိုးပုံစံတွေနှင့် မြင်တွေ့ရနိုင်ပါတယ်။ Jarvis ကို Browser ပေါ်မှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Chrome တစ်မျိုးတည်းမှာပဲ အသုံးပြုနိုင်မှာပါ။ Chrome မှာ ရှာချင်တဲ့အကြောင်းအရာမျိုးဖြစ်ဖြစ်၊ Task တွေလုပ်ဆောင်တာမျိုးဖြစ်ဖြစ်၊ shopping ထွက်တာမျိုးဖြစ်ဖြစ်၊ Flights Booking လုပ်တဲ့နေရာမျိုးတွေမှာ အသံဖြင့်စေခိုင်းလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလထဲမှာတော့ Google ရဲ့ Gemini Live, AI chatbot တွေကလည်း ဘာစာစကားပေါင်း အများကြီး support လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
Discussion about this post