ဒီတစ်ခေါက်မှာတော့ လူတွေက သူတို့လုပ်တဲ့အလုပ်အကြောင်းနှင့် လစာတွေကို ပြောပြထားပါတယ်။ လူတော်တော်များများကတော့ ဒီအလုပ်တွေက လစာမကောင်းဘူးလို့ ထင်ထားကြပေမယ့် တစ်ကယ့်လုပ်ငန်းခွင်ထဲက လူတွေက အခုလို ပြောပြခဲ့ပါတယ်။

၁။ “ကျွန်တော်က အစားအသောက်ကုန် ထုတ်လုပ်ရေးမှာ Quality နဲ့ ညီမညီ စစ်ဆေးတဲ့ ကြီးကြပ်ရေးအလုပ်လုပ်ပါတယ်။ ဒီအလုပ်လုပ်ဖို့အတွက် နွေရာသီတစ်ဖြတ်လောက် တက်ရတဲ့ သင်တန်းကို တက်ပြီးအလုပ်စခဲ့ပါတယ်။ အခုဆိုရင် လစာအနေနဲ့ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော်လောက် ရရှိနေပါပြီ။ အလုပ်ချိန်ကလည်း ညှိနှိုင်းလို့ရပြီး သက်တောင့်သက်သာလုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။”

၂။ “ကျွန်မကတော့ Store Directors အဖြစ် Target မှာ အလုပ်လုပ်နေပါတယ်။ Store ဆိုင်တစ်ခုလုံးကို ကြီးကြပ်ရတဲ့အလုပ်ဖြစ်ပြီး အခြေခံလစာ နှင့် ဒေါ်လာ တစ်သိန်းငါးသောင်းအထိ တစ်နှစ်စာရရှိပါတယ်။ Bonus အနေနှင့်က ဒေါ်လာ နှစ်သောင်းခွဲမှ ငါးသောင်းအထိ ရရှိပါတယ်။”

၃။ “ကျွန်တော်ကတော့ Cybersecurity အတွက် Technical Account Manager အနေနှင့် အလုပ်လုပ်နေပါတယ်။ ဘွဲ့တော့မရပါဘူး။ ဒါပေမယ့် Networking အတွက်လိုအပ်တဲ့ certificates တွေတော့ရှိပါတယ်။ အလုပ်အနေနှင့် ပြောရမယ်ဆိုရင်တော့ သစ္စာရှိဖို့အရေးကြီးဆုံးပါပဲ။ အလုပ်တစ်ခုမှာ ရေရှည်လုပ်သွားမယ်ဆိုရင် လစာလည်းတိုးလာပြီး ပိုကောင်းမွန်တဲ့အခွင့်အရေးတွေ ရလာပါတယ်။ အလုပ်စဝင်တုန်းက တစ်နှစ်စာ ဒေါ်လာခြောက်သောင်းကျော်သာ ရပြီး ငါးနှစ်ကျော်လာတဲ့အခါမှာတော့ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းကျော်ရရှိလာပါတယ်။ ဒါ့အပြင်ကျန်တဲ့ အကျိုးခံစားခွင့်တွေလည်း အများကြီးရရှိလာပါတယ်။ အိမ်ကနေလုပ်ရတဲ့ အလုပ်ဖြစ်ပြီး တစ်ပတ်ကို နာရီနှစ်ဆယ်နှင့် သုံးဆယ်ကြားလုပ်ရတာ ဖြစ်ပါတယ်။”

၄။ “ကျွန်တော့်အလုပ်ကတော့ Ramp Agent ဖြစ်ပါတယ်။ လေဆိပ်မှာ Baggages တွေကို အဝင်အထွက် ကြီးကြပ်လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ ဘွဲ့အနေနဲ့ကတော့ မရှိပါဘူး။ အထက်တန်းအောင်ရုံပဲဖြစ်ပြီး မုန့်ဖုတ်တဲ့အလုပ်ကို နားလိုက်ပြီးနောက်ပိုင်းမှာ ဒီအလုပ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ အဓိကအားသာချက်ကတော့ လေကြောင်းလိုင််းနဲ့ ခရီးထွက်တဲ့အခါ စျေးသက်သက်သာသာထွက်ရပြီး မိသားစုခရီးထွက်မယ်ဆိုရင် Free သွားလို့ရတာပါပဲ။ အလုပ်စစမှာတော့ လစာက နည်းပြီး Senior Level ရောက်သွားပြီဆိုရင်တော့ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းငါးသောင်းလောက်အထိ ရပါတယ်။”

၅။ “Retail Industry မှာလုပ်သက် ဆယ်နှစ်ရှိပါပြီ။ အလုပ်ချိန်အနေနဲ့ကတော့ နာရီ လေးဆယ်မှ ခုနှစ်ဆယ်ကြားရှိပါတယ်။ Holiday ရာသီဆို အလုပ်ချိန်ပိုများတက်ပါတယ်။ စိန်ခေါ်မှုတွေကတော့ များပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို လုပ်ဖို့ ကျွန်တော်ရွေးချယ်ခဲ့တာပါ။ လစာအနေနဲ့ကတော့ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းနှစ်သောင်းအထိ ရပါတယ်။”

၆။ “ကျွန်တော်ကတော့ Food Truck Business လုပ်ပါတယ်။ ဒီတစ်နှစ်ထဲမှာတင် ဒေါ်လာ နှစ်သိန်းခုနှစ်သောင်းကျော် ရရှိပါတယ်။ အမြတ်ကတော့ တစ်ဝက်ကျော်ကျော်ရရှိပါတယ်။ ကုန်ကျစရိတ်ကတော့ လိုင်စင်ကြေးအနည်းငယ်နှင့် ကားပြင်ဆင်စရိတ် နည်းနည်းပါးပါး ရှိပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းရတဲ့ အလုပ်ဖြစ်တာကြောင့် ပိုပင်ပန်းပေမယ့် ဝင်ငွေတော့ ကောင်းပါတယ်။”

၇။ “ကျွန်မက ကော့လိပ်ကျောင်းမှာ အချိန်ပိုင်း Nursing သင်ပေးတဲ့ဆရာမ အနေနဲ့လုပ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာကိုးသောင်းလောက် ရပါတယ်။ တစ်ပတ်ကို ၁၂နာရီသင်ကြားပေးရပြီး အပတ်တိုင်း ကျောင်းသားတွေနှင့် Meeting လုပ်ရပါတယ်။ ဆေးရုံမှာတော့ ပုံမှန် Nurse အနေနဲ့ အလုပ်လုပ်ပါတယ်။ Instructor လုပ်တာက ပုံမှန်အလုပ်ထက် Stress နည်းပြီး Boss ကို တစ်ချိန်လုံးကြည့်နေစရာမလိုတာကြောင့် သဘောကျပါတယ်။”

၈။ “ကျွန်မက အကျဉ်းထောင်မှာ RN (Registered Nurse) အနေနှင့် လုပ်ပါတယ်။ အလုပ်များများစားစားမရှိရင် တစ်နာရီကို ၅၁ ဒေါ်လာ အသားတင်ရပါတယ်။ ကျွန်မအလုပ်ကို ကျွန်မချစ်ပါတယ်။ ကျွန်မ အသက်က ၆၈နှစ် ရှိပါပြီ။”

၉။ “ကျွန်မအလုပ်က မူလတန်းပြဆရာမအလုပ်ပါ။ လုပ်သက်အနေနှင့် ဆယ်နှစ်ရှိပြီး လစာကတော့ တစ်နှစ်ကို တစ်သိန်းလောက် ရပါတယ်။ စလုပ်တဲ့နှစ်တွေတုန်းကတော့ အခက်အခဲတွေရှိပြီး ကလေးတွေကို ငြိမ်အောင်မနည်းထိန်းရပါတယ်။ နှစ်ကြာလာတဲ့အခါမှာတော့ အလုပ်က ပိုလွယ်လာတာကို တွေ့ရပါတယ်။”

၁၀။ “ကျွန်တော်ကတော့ Online Shopping Company မှာ လုပ်ပြီး package တွေကို စီမံခန့်ခွဲပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ တစ်နာရီကို ၂၅ဒေါ်လာ ရပြီး တစ်ပတ်ကို စာရိုက်ပါကင်ပိတ်လုပ်ရတာက နာရီ လေးဆယ်လောက်ရှိပါတယ်။ အလုပ်ကတော့ အေးဆေးဖြစ်ပြီး ကြိုက်တာ ဝတ်ဆင်ခွင့်ရှိသလို သီချင်းလည်း နားထောင်နေလို့ရပါတယ်။”
					Source: 
					Buzz Feed
				
                                                     
			








 
			 
     
                     
                                 
                                 
                                







Discussion about this post