လူတွေရဲ့နေ့စဉ်ဘ၀မှာ AI မပါတဲ့နေရာ မရှိသလောက်ရှားလာပါပြီ။ AI ရဲ့ ပြောင်းလဲတိုးတက်မှုက နောက် ၁၀ နှစ်မှာ ဘယ်အထိရောက်နိုင်လဲဆိုတာတော့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ပထမဦးဆုံးအနေနှင့် AGI အကြောင်းကိုလေ့လာကြည့်ရအောင်
AGI (Artificial General Intelligence) ဆိုတာက

လူတွေနေ့စဉ် သာမန်လုပ်နိုင်တဲ့အလုပ်တွေကို မည်သို့လုပ်ဆောင်ရမည်ကို သိတာလို့ ဆိုလိုပါတယ်။ ယနေ့မြင်တွေ့ရတဲ့ ChatGPT-4 က AGI အဆင့်ကိုရောက်ဖို့ နီးစပ်နေပါပြီ။ တစ်နည်းအားဖြင့် သင်လိုချင်တဲ့အရာကို အရိပ်အမွက် (သို့) စကားဖြင့်ပြောလိုက်ရုံနှင့် တန်းပြီးသိရှိနိုင်စွမ်းဖြစ်ပါတယ်။ သိပ္ပံရုပ်ရှင်ကားတွေမှာ တွေ့ရတဲ့ စက်ရုပ်တွေလို လက်တွေ့မှာတော့ ချက်ချင်းမြင်တွေ့ရမှာတော့ မဟုတ်ပါဘူး။ ၂၀၃၄ ခုနှစ်မှာတော့ AGI စက်ရုပ်တွေကို တွင်တွင်ကျယ်ကျယ် မြင်တွေ့ရနိုင်ပါတယ်။ သို့ပေမယ့် လူတွေထက် သာလွန်ပြီးလုပ်ဆောင်နိင်စွမ်းရှိတဲ့ စက်ရုပ်တွေထွက်လာမှာ မဟုတ်ပါဘူး။ ဒီအချက်တွေနှင့် ပတ်သက်ပြီး ဥပဒေအသစ်တွေလည်း အများကြီး ထွက်ရှိလာနိုင်ပါတယ်။
Quantum AI

၂၀၃၄ ခုနှစ်မှာ Quantum Computer တွေသေချာပေါက် လိုအပ်လာပြီး အသုံးပြုလာနိုင်ပါတယ်။ စွမ်းဆောင်ရည် အရမ်းကောင်းလွန်တဲ့ Quantum Computer တွေက AI တွေတိုးတက်လာတာနှင့်အမျှ လိုအပ်လာမယ့် အရာဖြစ်လာပါမယ်။ Quantum Computers တွေမှာ အသုံးပြုမယ့် Quantum AI တွေက သာမန် AI လုပ်ဆောင်ချက်တွေထက် သာလွန်ပြီး ကောင်းမွန်နေတာကို တွေ့ရနိုင်ပါတယ်။ ထို့အပြင် လူတွေရဲ့ လိုအပ်ချက်တွေလည်း မြင့်တက်လာနိုင်ပြီး ထိုလိုအပ်ချက်တွေကို လိုက်နိုင်မယ့် Quantum AI တွေလည်း ပေါ်လာမှာ ဖြစ်ပါတယ်။
AI-Powered Super Humans

ဒီခေါင်းစဉ်အောက်မှာ လက်ရှိအနီးကပ်ဆုံးမြင်တွေ့နိုင်တာတော့ Elon Musk ရဲ့ Nuralink Technology ဖြစ်ပါတယ်။ ဒုက္ခိတဖြစ်နေတဲ့လူတွေကို လှုပ်ရှားနိုင်အောင်ကူညီပေးနိုင်မယ့် AI နည်းပညာအခြေခံ Chipset တွေပေါ်လာနိုင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှုပ်ရှားနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကွန်ပျူတာ video game ဖြစ်တဲ့ Cyberpunk ထဲကလို လူတွေကို မြင်တွေ့ရနိုင်ပါတယ်။ အနာဂတ်မှာ ဒီနည်းပညာနှင့်ပတ်သက်ပြီး risk တွေကိုလည်း တွေ့နိုင်ပါတယ်။
တရားဥပဒေစိုးမိုးရေးမှာ တွေ့ရမယ့် AI

၂၀၃၄ ခုနှစ်မှာတော့ AI တရားသူကြီးတွေကို တွေ့ရနိုင်ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ ပြစ်ချက်တွေကို စက်ရုပ်တရားသူကြီးက ဆုံးဖြတ်တာမျိုး မဟုတ်ပါဘူး။ တရားစွဲဆိုရတဲ့ ကိစ္စတွေမှာ သာမန်လူတစ်ယောက်ထက် ဥပဒေတွေကို ကြေကြေငြက်ငြက် သိထားတဲ့ AI တွေက ကိုယ့်အတွက် လွတ်မြောက်နိုင်တဲ့ ဥပဒေပုဒ်မတွေကို ဥပဒေအချက်တွေအပေါ် အခြေခံပြီး တွက်ပေးတာမျိုးတွေ တွေ့လာနိုင်ပါတယ်။ ဥပမာ သင်က ပြစ်မှု တစ်ခုခုကျူးလွန်တာနှင့် တစ်ပြိုင်နက် ဘယ်ပုဒ်မကို ချိုးဖောက်ကြောင်း ဘယ်သက်သေတွေရှိကြောင်း တစ်ခါတည်း တွက်ထားပြီးသားတွေကို မြင်တွေ့ရနိုင်ပါတယ်။ လက်ရှိမှာတော့ အချို့တရားခွင်တွေမှာ AI ကို စမ်းသပ်နေကြပေမယ့် အငြင်းပွားဖွယ်တွေ ဖြစ်နေဆဲပါပဲ။ လာမည့် ၂၀၃၄ ခုနှစ်မှာ ဒီနည်းပညာကို အသုံးပြုကြရင်တော့ တရားရုံးမှာ တန်းစီအမိန့်စောင့်နေရတဲ့ အချိန်တွေ သက်သာသွားနိုင်ပါတယ်။
Discussion about this post