တရုတ်နိုင်ငံရဲ့ ကန်ဒေါ်လာ ၆ ဘီလီယံတန် ရထားလမ်း

လာအိုနိုင်ငံမှာ တရုတ်နိုင်ငံက တည်ဆောက်ထားပေးတဲ့ အမြန်ရထားလမ်းတွေက ရင်သက်ရှုမောဖွယ်ကောင်းအောင် သေသပ်လှပပါတယ်။ ကျည်ဆံရထားလို့ခေါ်ကြတဲ့ ဂျပန်နိုင်ငံက ရထားတွေရဲ့ နှုန်းထားအတိုင်း မောင်းနှင်နိုင်ပြီး တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ ဗီယက်ကျင်းမြို့တော်အထိ ဆက်သွယ်ပေးနိုင်မယ့် ရထားလမ်းဖြစ်လာပါပြီ။ လာအိုနိုင်ငံက တရုတ်နိုင်ငံနှင့် ထိစပ်နေပြီး ဆက်ဆံရေးအင်မတန်ကောင်းလွန်တဲ့ နှစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီအကြောင်းအရာနှင့်ပတ်သတ်ပြီး Wall Street Journal သတင်းဌာနက သုံးသပ်ထားတာကို တင်ဆက်လိုက်ပါတယ်။ ရထားလမ်းတည်ဆောက်ဖို့ ကုန်ကျတဲ့ငွေအများစုကို တရုတ်နိုင်ငံက ကျခံထားပြီး လာအိုနိုင်ငံကတော့ ၂၀၁၆ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁.၅ ဘီလီယံချေးငွေယူပြီး ထည့်သွင်းထားပါတယ်။ သို့ပေမယ့် လာအိုနိုင်ငံရဲ့ ဝင်ငွေတေကတော့ သိသိသာသာအခုချိန်ထိ တိုးလာတာမရှိပါဘူး။ လာအိုနိုင်ငံသားအချို့ကတော့ ဒီအချက်ကို စိုးရိမ်နေကြပါတယ်။ အမေရိကန်နိုင်ငံကတော့ တရုတ်နိုင်ငံက ဒီလိုလုပ်တာက အကြွေးစနစ်ထဲမှာ နွံနစ်အောင်လုပ်တာလို့ ပြောပါတယ်။ ဗီယက်နမ် နှင့်အမေရိကန် စစ်ပွဲကာလတုန်းက မြှုပ်နှံခဲ့တဲ့ဗုံးတွေက အခုချိန်ထိ လာအိုနိုင်ငံမှာ ရှိနေဆဲပါပဲ။ သမိုင်းကြောင်းက လုပ်ရပ်တွေကြောင့် လာအိုနိုင်ငံနှင့် အမေရိကန်ဆက်ဆံရေးက သိပ်ပြီးအဆင်ပြေမချောမွေ့ခဲ့ပါဘူး။

တရုတ်နိုင်ငံကတော့ လာအိုနိုင်ငံကိုအမြဲဖိတ်ခေါ်ပြီး နှစ်နိုင်ငံကြားကောင်းမွန်တဲ့ဆက်ဆံရေး ကောင်းအောင် အမြဲတည်ဆောက်ပါတယ်။ နိုင်ငံရေး သုံးသပ်သူတွေကတော့ တရုတ်နိုင်ငံက ဒီလိုလုပ်တာဟာ အကြွေးနွံနစ်အောင် ပြုလုပ်ပြီး နိုင်ငံရဲ့စီးပွားရေးကို သိမ်းပိုက်ချင်လို့ဆိုပြီး မှတ်ချက်တွေပေးကြပါတယ်။ ယခုအချိန်မှာတော့ တရုတ်နိုင်ငံက အမြန်ရထားလမ်းကို ကုန်သွင်းကုန်ပို့ လုပ်ငန်းတွေပါ ပြုလုပ်ပါတယ်။ လာအိုနိုင်ငံကထွက်တဲ့ စားသောက်ကုန်နှင့် ကုန်ကြမ်းတွေကို တရုတ်နိုင်ငံကို တင်ပို့ပြီး စက်ပစ္စည်းနှင့်ပတ်သတ်သည့် အစိတ်အပိုင်းတွေကိုတော့ လာအိုနိုင်ငံကို ပြန်ပို့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကတော့ ရထားလမ်းတွေတည်ဆောက်ခြင်းက အိမ်နီးချင်းနိုင်ငံတွေနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားရေးကို အခိုင်အမာနေရာရအောင် ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သတ်ပြီး Wall Street Journal ရဲ့ Youtube မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Exit mobile version