ကမ္ဘာမြေပြင်ပတ်လမ်းပေါ်မှာရှိတဲ့ Elon Musk ရဲ့ satellites တွေက ဆိုလာမုန်တိုင်းဒဏ်အနည်းငယ် ခံလိုက်ရပါတယ်။ ဆိုလာမုန်တိုင်းဆိုတာက နေထုကြီးက ထုတ်လွှတ်လိုက်တဲ့ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်အမွှားတွေကို ခေါ်တာဖြစ်ပါတယ်။ နေလုံးကြီးက အရမ်းပူလာတဲ့အခါ ဆိုလာလေ တိုက်ခတ်ပါတယ်။ ၎င်းဆိုလာလေထဲမှာ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်မွှားများစွာပါဝင်ပါတယ်။ ထိုလေက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ တိုက်ခတ်တဲ့အခါ ဆက်သွယ်ရေးပစ္စည်းမျိုးတွေဖြစ်တဲ့ ရေဒီယိုလှိုင်း၊ satellites တွေအားလုံး ထိခိုက်ပါတယ်။

ဆိုလာမုန်တိုင်း မတိုက်ခတ်တာ အောက်တိုဘာ ၂၀၀၃ ခုနှစ်ထဲကဖြစ်ပြီး ယခုအချိန်မှ ပြန်လည်တိုက်ခတ်တာမျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ satellites ပေါင်း ၇၅၀၀ ကျော်ရှိပြီး Elon Musk ရဲ့ Starlink satellite company က ၆၀% ပိုင်ဆိုင်ထားပါတယ်။ Starlink satellite က အင်တာနက် အော်ပရေတာ company တစ်ခုဖြစ်ပြီး ကမ္ဘာမြေပြင်ရဲ့ မည်သည့်နေရာကမဆို အင်တာနက်ကို ဖမ်းယူလို့ရအာင် ဖန်တီးထားတဲ့ Elon Musk ရဲ့ company တစ်ခုဖြစ်ပါတယ်။ ယခု ဆိုလာမုန်တိုင်းကြောင့် company က ဖိအားတွေရင်ဆိုင်နေရပြီး system ပုံမှန်အတိုင်းလည်ပတ်အောင် အကောင်းဆုံးကြိုးစားနေတယ်လို့ ဆိုပါတယ်။ အသုံးပြုသူတွေအနေနှင့် အင်တာနက်နှေးတာမျိုး၊ ပြတ်တောက်တာမျိုးတွေ ရှိမယ်လို့လည်း အသိပေးထားပါတယ်။
Discussion about this post