ကမ္ဘာမြေကြီးရဲ့ စွမ်းအင်အတွက် လ ပေါ်က Helium-3 တူးယူပြီးပေးဖို့ ကြံစည်နေတဲ့ company

သင်သိပါသလား?

၂၅တန်ရှိတဲ့ Helium-3 က အမေရိကတိုက်တစ်တိုက်လုံးအတွက် တစ်နှစ်တာပတ်လုံး လျှပ်စစ်စွမ်းအင်ပေးနိုင်ပါတယ်။ Helium-3 ဆိုတာက ရှားပါးတဲ့ Isotope Helium အမျိုးအစားတစ်ခုဖြစ်ပါတယ်။

ကမ္ဘာကြီးကတိုးတက်လာတာနှင့်အမျှ လျှပ်စစ်စွမ်းအင်တွေကလည်း လိုအပ်ချက်ပိုများလာပါတယ်။ လျှပ်စစ်စွမ်းအင်ကို အဓိကပေးနိုင်တဲ့ ကျောက်မီးသွေးစွမ်းအင်၊ နေစွမ်းအင်တွေထက် ကြာရှည်ခံပြီးကောင်းမွန်တဲ့​ စွမ်းအင်အရင်းအမြစ်တစ်ခုကတော့ Helium ပါပဲ။ “Interlune” လို့အမည်ရတဲ့ company တစ်ခုက helium ကို လကမ္ဘာပေါ်မှာ သွားတူးပြီးကမ္ဘာမြေကြီးကို ပြန်ယူဆောင်လာဖို့ ကန်ဒေါ်လာပေါင်း ၁၅သန်း ရရှိထားပါတယ်။ ဒီ company ကို Apollo-17 အဖွဲ့သားထဲက Harrison Schmitt က တည်ထောင်ခဲ့ပြီး သူက Amazon ရဲ့ Blue Origin စတည်ထောင်ခဲ့တုန်းက ဥက္ကဌဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လကမ္ဘာပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ helium ကို သွားတူးဖို့ ကြံရွယ်နေကြပါတယ်။

ဘာကြောင့် Helium-3 ကို လကမ္ဘာပေါ်မှာ သွားတူးကြမလဲ?

ကမ္ဘာမြေကြီးရဲ့ စွမ်းအင်အတွက် လ ပေါ်က Helium-3 တူးယူပြီးပေးဖို့ ကြံစည်နေတဲ့ company 1

နေလုံးကြီးပေါ်က ဖြစ်တည်လာတဲ့အမှုန်အမွှားလေးတွက Helium-3 ကို အခြားဂြိုလ်တွေအပေါ်ရောက်ရှိသွားအောင် ပို့ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် နေလုံးကြီးက ပေါက်ကွဲတဲ့ အပူရှိန်နှင့်လေက တွန်းပို့ပေးနိုင်တာဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို helium-3 မရောက်လာရခြင်းက ကမ္ဘာကြီးရဲ့အပြင်ဖက်က ကာထားတဲ့ Magnetic Shield ကြောင့်ဖြစ်ပါတယ်။ Helium-3 အမှုန်တွေက Magnetic Shield ကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲလွန်းပါတယ်။ သို့ပေမယ့် ဝင်ရောက်လာတဲ့ helium-3 တွေက အနည်းငယ်ရှိပြီး ကမ္ဘာမြေကြီးပေါ်က ပြုလုပ်တဲ့ နယူကလီးယားပေါင်းဖိုမှာလုပ်တဲ့ Helium-3 ကလည်း အရမ်းနည်းလွန်းတာကြောင့် စွမ်းအင်အတွက် အသုံးပြုဖို့ မဖြစ်နိုင်ပါဘူး။ သုတေသီတွေရဲ့ လေ့လာချက်အရ ကမ္ဘာကြီးရဲ့လေထုထဲမှာ ရရှိတဲ့ helium-3 က ၃၀၀ ဂရမ်ရှိပြီး အချို့ကတော့​ ၂ကီလိုဂရမ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

လကမ္ဘာပေါ်မှာတော့ helium-3 eတ်ချိန်က တန်ချိန် ၁၁သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ တန်ဖိုးအရတွက်ချက်မယ်ဆိုရင်တော့ တစ်တန်ကို ကန်ဒေါ်လာ ၄ဘီလီယံတန်ကြေးရှိပါတယ်။ အာကာသတစ်ခွင်မှာ တန်ကြေးအမြင့်ဆုံး သတ္တုတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီHeluim-3 တွေကို ကမ္ဘာမြေအပေါ်ယူဆောင်လာပြီး စွမ်းအင်ပေးရောင်းချနိုင်တဲ့ company က ငွေပြေးတန်ဖိုးအမြင့်ဆုံး company တစ်ခုဖြစ်လာနိုင်ပါတယ်။ Helium-3 ကို သွားတူးယူဖို့ကြိုးစားတဲ့ company တွေက Interlune တစ်ခုတည်းမဟုတ်ပါဘူး။ ၂၀၂၃ခုနှစ်မှာ NASA ကလည်း သွားတူးယူမယ်လို့ ကြေငြာခဲ့ပါတယ်။ အကယ်၍ ဒီအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ကြရင်တော့ လကမ္ဘာအတွက် ထိခိုက်မှုတွေရှိလာနိုင်လားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version