သင်သိပါသလား?
၂၅တန်ရှိတဲ့ Helium-3 က အမေရိကတိုက်တစ်တိုက်လုံးအတွက် တစ်နှစ်တာပတ်လုံး လျှပ်စစ်စွမ်းအင်ပေးနိုင်ပါတယ်။ Helium-3 ဆိုတာက ရှားပါးတဲ့ Isotope Helium အမျိုးအစားတစ်ခုဖြစ်ပါတယ်။
ကမ္ဘာကြီးကတိုးတက်လာတာနှင့်အမျှ လျှပ်စစ်စွမ်းအင်တွေကလည်း လိုအပ်ချက်ပိုများလာပါတယ်။ လျှပ်စစ်စွမ်းအင်ကို အဓိကပေးနိုင်တဲ့ ကျောက်မီးသွေးစွမ်းအင်၊ နေစွမ်းအင်တွေထက် ကြာရှည်ခံပြီးကောင်းမွန်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုကတော့ Helium ပါပဲ။ “Interlune” လို့အမည်ရတဲ့ company တစ်ခုက helium ကို လကမ္ဘာပေါ်မှာ သွားတူးပြီးကမ္ဘာမြေကြီးကို ပြန်ယူဆောင်လာဖို့ ကန်ဒေါ်လာပေါင်း ၁၅သန်း ရရှိထားပါတယ်။ ဒီ company ကို Apollo-17 အဖွဲ့သားထဲက Harrison Schmitt က တည်ထောင်ခဲ့ပြီး သူက Amazon ရဲ့ Blue Origin စတည်ထောင်ခဲ့တုန်းက ဥက္ကဌဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လကမ္ဘာပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ helium ကို သွားတူးဖို့ ကြံရွယ်နေကြပါတယ်။
ဘာကြောင့် Helium-3 ကို လကမ္ဘာပေါ်မှာ သွားတူးကြမလဲ?
နေလုံးကြီးပေါ်က ဖြစ်တည်လာတဲ့အမှုန်အမွှားလေးတွက Helium-3 ကို အခြားဂြိုလ်တွေအပေါ်ရောက်ရှိသွားအောင် ပို့ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် နေလုံးကြီးက ပေါက်ကွဲတဲ့ အပူရှိန်နှင့်လေက တွန်းပို့ပေးနိုင်တာဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို helium-3 မရောက်လာရခြင်းက ကမ္ဘာကြီးရဲ့အပြင်ဖက်က ကာထားတဲ့ Magnetic Shield ကြောင့်ဖြစ်ပါတယ်။ Helium-3 အမှုန်တွေက Magnetic Shield ကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲလွန်းပါတယ်။ သို့ပေမယ့် ဝင်ရောက်လာတဲ့ helium-3 တွေက အနည်းငယ်ရှိပြီး ကမ္ဘာမြေကြီးပေါ်က ပြုလုပ်တဲ့ နယူကလီးယားပေါင်းဖိုမှာလုပ်တဲ့ Helium-3 ကလည်း အရမ်းနည်းလွန်းတာကြောင့် စွမ်းအင်အတွက် အသုံးပြုဖို့ မဖြစ်နိုင်ပါဘူး။ သုတေသီတွေရဲ့ လေ့လာချက်အရ ကမ္ဘာကြီးရဲ့လေထုထဲမှာ ရရှိတဲ့ helium-3 က ၃၀၀ ဂရမ်ရှိပြီး အချို့ကတော့ ၂ကီလိုဂရမ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။
လကမ္ဘာပေါ်မှာတော့ helium-3 eတ်ချိန်က တန်ချိန် ၁၁သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ တန်ဖိုးအရတွက်ချက်မယ်ဆိုရင်တော့ တစ်တန်ကို ကန်ဒေါ်လာ ၄ဘီလီယံတန်ကြေးရှိပါတယ်။ အာကာသတစ်ခွင်မှာ တန်ကြေးအမြင့်ဆုံး သတ္တုတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီHeluim-3 တွေကို ကမ္ဘာမြေအပေါ်ယူဆောင်လာပြီး စွမ်းအင်ပေးရောင်းချနိုင်တဲ့ company က ငွေပြေးတန်ဖိုးအမြင့်ဆုံး company တစ်ခုဖြစ်လာနိုင်ပါတယ်။ Helium-3 ကို သွားတူးယူဖို့ကြိုးစားတဲ့ company တွေက Interlune တစ်ခုတည်းမဟုတ်ပါဘူး။ ၂၀၂၃ခုနှစ်မှာ NASA ကလည်း သွားတူးယူမယ်လို့ ကြေငြာခဲ့ပါတယ်။ အကယ်၍ ဒီအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ကြရင်တော့ လကမ္ဘာအတွက် ထိခိုက်မှုတွေရှိလာနိုင်လားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Discussion about this post