Midjourney AI နဲ့ ဖန်တီးထားတဲ့ Comic စာအုပ်ကို US မူပိုင်ခွင့်ရုံးက မူပိုင်ခွင့်ပယ်ချ

Kristina Kashtanova လို့ ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ စိတ်ကူးတွေကို Midjourney AI နဲ့ ပေါင်းစပ်ကာ Zarya of the Dawn လို့ နာမည်ပေးထားတဲ့ Comic စာအုပ် တစ်အုပ်ကို ဖန်တီးပြီး မူပိုင်ခွင့် လျှောက်ထားခဲ့ပါတယ်။ မူပိုင်ခွင့်ရုံးကလည်း မူပိုင်ခွင့် ချပေးခဲ့ပါတယ်။ သို့ပေမယ့် ယခုမှာတော့ အဲဒီစာအုပ်ကို ပြန်လည်စစ်ဆေးပြီး မူပိုင်ခွင့်ကို ပြန်လည်ပယ်ချခဲ့တာဖြစ်ပါတယ်။

မူပိုင်ခွင့်ရုံးက ၎င်းမူပိုင်ခွင့်ကို မှားယွင်းပြီး ချပေးခဲ့တာဖြစ်ပြီး အသေးစိတ်ပြန်လည် စစ်ဆေးရာမှာ မူပိုင်ခွင့် ဥပဒေနဲ့ မကိုက်ညီတာကြောင့် ပြန်လည်ပယ်ချခဲ့တာဖြစ်ကြောင်းကို သူမရဲ့ ရှေ့နေဆီ စာပို့ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ စာအုပ်ရှိ ပုံတွေဟာ Midjourney AI က ရေးဆွဲဖန်တီးပေးထားတာဖြစ်ပြီး Midjourney AI ကလည်း လူသားမဟုတ်ပဲ ဥာဏ်ရည်တုနည်းပညာတစ်ခုဖြစ်နေတာကြောင့် မူပိုင်ခွင့်မရတာဖြစ်ကြောင်း စာထဲမှာ ရှင်းပြထားတယ်လို့ သိရပါတယ်။ ဥပဒေမှာလည်း လူသားတွေဟာ လူသားမဟုတ်တဲ့ ဝိညာဥ်ကဲ့သို့ အရာတစ်ခုခုက ဖန်တီးထားတဲ့ စာသား သို့မဟုတ် သီချင်းတွေကို မူပိုင်ခွင့်မရှိကြောင်းဖော်ပြထားပြီး တရားမျှတမှုရှိစေရန်အတွက် အလားတူ အမှုတွဲတွေကိုပါ စာထဲမှာ ဖော်ပြပေးထားတယ်လို့ သိရပါတယ်။

Zarya of the Dawn Comic (from google)

Kristina Kashtanova ကတော့ သူမရဲ့ စာအုပ်ကို သူမကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး Midjourney AI က ပုံရေးဆွဲပေးတာ တစ်ခုပဲဖြစ်တာကြောင့် မူပိုင်ခွင့်ရသင့်ကြောင်း ပြန်လည်းပြောဆိုထားပါတယ်။ ဒီအမှုအရ Midjourney နဲ့ အလားတူ AI တွေဖန်တီးထားတဲ့ အရာတွေကိုလည်း မူပိုင်ခွင့် မပေးဘူးလို့ သဘောသက်ရောက်နေတာ ဖြစ်တာကြောင့် AI တွေဖန်တီးထားတဲ့ အရာတွေကို အသုံးပြုမလို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version