Youtube က Veo, Communities နဲ့ Auto-Dubbing Feature တွေကို Creator တွေအတွက် မိတ်ဆက်

စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Youtube ရဲ့ နှစ်ပတ်လည်ပွဲမှာ Creator တွေအတွက် AI Powered Feature တွေကို Youtube CEO Neal Mohan က မိတ်ဆက်ပေးသွားခဲ့ပါတယ်။

AI Feature တွေက Creator တွေရဲ့ Content Creation Journey မှာ အများကြီးအထောက်အကူပြုမှာဖြစ်ပြီး ယနေ့ခေတ်မှာ 92% သော Creator တွေဟာ AI Tools တွေကို အသုံးပြုနေကြပြီဖြစ်တယ်လို့ Youtube CEO က ဆိုပါတယ်။

VEO

Youtube က Creator တွေအတွက် မိတ်ဆက်လိုက်တဲ့ Video AI Feature တစ်ခုဖြစ်ပြီးတော့ ၆စက္ကန့်စာ Video တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Youtube Shorts အတွက် အသုံးပြုနိုင်မှာဖြစ်ပြီ; VEO AI က ဖန်တီးပေးလိုက်တဲ့ Video တိုင်းမှာ AI နဲ့ ဖန်တီးထားကြောင်း Label ကိုလည်း ထိုးပေးသွားမှာ ဖြစ်ပါတယ်။

Inspiration Tab

Inspiration Tab မှာ Content Creator တွေ ဖန်တီးလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်တဲ့ ခေါင်းစဉ်တွေ၊ Content တွေကို Outline သဘောမျိုးနဲ့ ဖန်တီး အကြံပြုပေးနိုင်မှာ ဖြစ်ပါတယ်။

Engaging with Audience

Video ကြည့်ရှုသူတွေရဲ့ Comment တွေကိုလည်း ယခင်ထက်ပိုပြီး မြန်မြန်ဆန်ဆန် ကြည့်ရှုတုံံ့ပြန်နိုင်ဖို့ AI Feature အချို့ကိုလည်း Update လုပ်ပေးမယ်လို့ ဆိုပါတယ်။ Comment တွေကို hightlight လုပ်တာတွေ၊ Creator ရဲ့ စကားပြောတုံ့ပြန်မှု ပုံစံအပေါ်မူတည်ပြီးတော့လည်း Fan တွေရဲ့ Comment တွေကို အလိုအလျောက် ပြန်ပြောပေးတာမျိုးတွေလည်း မကြာမှီ ရရှိလာနိုင်ပါမယ်။

Hype

Hype ဆိုတာကတော့ Small Creator တွေရဲ့ Video တွေ Youtube မှာ Suggest ရလာအောင် လုပ်နိုင်မယ့် Feature ဖြစ်ပါတယ်။ တစ်ပတ်အတွင်း တင်လိုက်တဲ့ Video တွေကို ကြည့်ရှုသူတွေက Voting သဘောမျိုး Hype button နှိပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Hype button တွေကလည်း အကန့်အသတ်ရှိပါတယ်။ Viewer တိုင်းကလည်း Hype button ကို အကန့်အသတ်နဲ့ဘဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ Hype များများရလေလေ၊ Creator တွေရဲ့ Content တွေက ပိုပြီး လူများများဆီရောက်ဖို့ အခွင့်အရေး များများရလေလေ ဖြစ်ပါတယ်။

Auto-Dubbing

Auto-Dubbing ဆိုတာ Creator တွေရဲ့ Video တွေကို မတူညီတဲ့ ဘာသာစကားအသံဖြင့် အသံထွက်ပေးနိုင်မယ့် Feature ဖြစ်ပါတယ်။ အသံအနိမ့်အမြင့်တွေပါ အလိုအလျောက် ထိန်းညှိနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ Creator တိုင်း ရနိုင်မယ့် Feature တော့ မဟုတ်သေးပေမယ့် ရှေ့လတွေကစပြီးတော့ Creator ၁သိန်းခန့်ကို Auto-Dubbing Feature ပေးသွားမယ်လို့ ဆိုပါတယ်။

အကျဉ်းချုံ့ ပြန်ပြောမယ်ဆိုရင် Content Creator တွေအတွက် အဓိက စိတ်ဝင်စားဖို့ ကောင်းတဲ့အရာ ၃ မျိုးရှိပါတယ်။ အဲ့ဒါကတော့ Inspiration Tab, Hype နဲ့ Auto-Dubbing တို့ဘဲ ဖြစ်ပါတယ်။ AI Generated Video တွေက Youtube အပြင် အခြားတစ်နေရာကနေ ဖန်တီးလို့ရနေတာဖြစ်လို့ MonetizeMyanmar ကတော့ Veo AI ကို သိပ်ပြီး စိတ်မဝင်စားပါဘူး။

Small Content Creator တွေကိုလည်း Youtube ဘက်က ဆွဲတင်နေတာကိုလည်း တွေ့ရမှာပါ။ Hype များများရလေလေ၊ Suggest ထိလေလေဖြစ်မယ့် Feature က စိတ်ဝင်စားစရာဖြစ်ပြီး Hype ကိုလည်း Viewer တွေဘက်က ဝယ်ပြီး Creator ကို Voting လုပ်ပေးနိုင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

Exit mobile version