နှစ် (၂၀) လောက် ပြောင်းလဲမှု မရှိခဲ့တဲ့ YouTube ရဲ့ UI ကို ပြောင်းလဲရန် စမ်းသပ်

ဆယ်စုနှစ် ၂ ခုလောက်အထိ ပြောင်းလဲမှု မရှိခဲ့တဲ့ YouTube Web ရဲ့ Player UI ကို ပြောင်းလဲဖို့ စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

UI အသစ်ကို တချို့ အသုံးပြုသူများမှာ တွေ့ရှိနေရပြီး ၎င်း အသုံးပြုသူများရဲ့ ပြောပြမှုအရ ကြိုက်တဲ့လူများ ရှိနေသလို မကြိုက်တဲ့ လူများလည်း ရှိနေကြောင်း သိရပါတယ်။ YouTube Web ရဲ့ UI အသစ်ဟာ ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ခလုပ်တွေ အားလုံးကို Pills/Capsules ပုံစံများ အဖြစ် ပြောင်းလဲထားတာ ဖြစ်ပြီး Volume Button ကိုလည်း ညာဘက်ကို ရွေ့လိုက်ပါတယ်။

ဒါ့အပြင် Video ရဲ့ နောက်ခံကို အမဲရောင်အဖျော့ အသုံးပြုထားသလို ထောင့်စွန်းတွေကိုလည်း Pills/Capsules ပုံစံအတိုင်း အနည်းငယ် လုံးထားပေးထာကို တွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုသူများရဲ့ ပြောပြမှုအရ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ Volume အတိုး အလျော့ကို Screen ပေါ်မှာ လုပ်လို့မရတော့ပဲ Volume Button ကို လက်နဲ့ နှိပ်ပြီး ပြုလုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ အခု ပြောပြခဲ့တဲ့ YouTube Player UI အသစ်ဟာ စမ်းသပ်နေဆဲ ကာလဖြစ်ပြီး ဘယ်အချိန်မှာ တရားဝင် ထုတ်ပေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ADVERTISEMENT
Exit mobile version