Google ဟာ သူတို့ရဲ့ AI ကို နယ်ပယ်အစုံမှာ စမ်းသပ်အသုံးပြုနေတာ ဖြစ်ပြီး အခုမှာလည်း YouTube Video တွေကို AI နဲ့ အကျဥ်းချုပ်ပေးနိုင်မယ့် Feature ကို စမ်းသပ်နေကြောင်း သိရပါတယ်။
YouTube မှာ Video တင်ချင်တဲ့ Content Creators တွေအနေနဲ့ AI နဲ့ ပြုလုပ်ထားတဲ့ Video အကျဥ်းချုပ်ပေးတဲ့ Feature ကို သုံးပြီး မိမိ Video ကို အကျဥ်းချုပ်ကာ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို YouTube က စမ်းသပ်နေကြောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တုန်းက Android Police နည်းပညာသတင်းဌာနက စတင်ပြောခဲ့ပြီး ၎င်း AI နဲ့ ပြုလုပ်ထားတဲ့ Video တွေကို အသုံးပြုသူတချို့က မြင်တွေ့ခဲ့ရသလို YouTube ကို Premium အသုံးပြုထားသူ တချို့လည်း စမ်းသပ်အသုံးပြုခွင့် ရခဲ့ကြောင်း သိရပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Jamie က “ကြည့်ရှုသူများအတွက် Feature အသစ်ကို ကျွန်တော်တို့ စမ်းသပ်နေပါတယ်။ ၎င်းဟာ YouTube က Video တွေကို AI နဲ့ အကျဥ်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို တရားဝင် မထုတ်ပေးမှီမှာ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ကြည့်ရှုသူများနဲ့ Creator များကို အကောင်းဆုံးတွေ တည်ဆောက်ကာ ပေးစွမ်းတာတာ ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ Vlogs တွေ၊ Shopping တွေနဲ့ How To Videos တွေကို ဖုန်းကတစ်ဆင့် ကြည့်ရှုသူများဟာ အခုပြောပြနေတဲ့ Feature အသစ်နဲ့ Video တွေကို တွေ့မြင်နိုင်မှာ ဖြစ်ကြောင်းလည်း Jamie က ပြောပြခဲ့ပါတယ်။
အခုတင်ဆက်ပေးခဲ့တဲ့ Google ရဲ့ Feature အသစ်သာ အမှန်တကယ် ထွက်ပေါ်လာရင် YouTube မှာ စည်းမျဥ်း ဥပဒေအသစ်များ ထပ်တွေ့ရနိုင်သလို၊ ရှိပြီးသား စည်းမျဥ်းတွေကို ပြောင်းလဲလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ၎င်း Feature ကို အသုံးပြုပြီး Content Creator များဟာ သူတို့ရဲ့ Videos တွေကို ကြည့်ရှုသူများ စိတ်ဝင်စားအောင် ဘယ်လိုဖန်တီးကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ အခုအချိန်မှာ Google သာမက အခြားသော နည်းပညာကုမ္ပဏီများကလည်း သူတို့ရဲ့ ကိုယ်ပိုင် AI များကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုမလို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာကြောင့် အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ AI နယ်ပယ်က အားပြိုင်မှုတွေကို မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ်။