YouTube က Uploaded လုပ်ပြီးသား Video Clip များကို မဖျက်ချရန် အကြံပေး

YouTube မှာ Uploaded လုပ်ပြီးသား Video အဟောင်းများကို မလိုအပ်ပါက မဖျက်သင့်ကြောင်း YouTube ရဲ့ Product Leader Todd Beaupre သူရဲ့ X account မှာ မျှဝေခဲ့ပါတယ်။ YouTube ချန်နယ်ပေါ်က ဗီဒီယိုဟောင်းတွေကို ဖျက်လိုက်ခြင်းက Channel ရဲ့ Reach ကို လျော့နည်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။

YouTube Algorithm အရ Watch Time နဲ့ Audience Retention တို့ပေါ်မူတည်ပြီး Content များကို Suggest လုပ်ပေးတာဖြစ်ပါတယ်။ Channel မှာတင်ပြီးသား Video တစ်ခုကို ဖျက်လိုက်ပါက အဆိုပါ Video မှရရှိတဲ့ Watch Time, Comments, likes, Reach တို့ပါပျောက်သွားမှာ ဖြစ်ပြီး ထို Video ကရရှိမယ့် အကျိုးအမြတ်ပါ ပျက်သွားမှာ ဖြစ်ပါတယ်။

YouTube က Uploaded လုပ်ပြီးသား Video Clip များကို မဖျက်ချရန် အကြံပေး

Channel တစ်ခုမှာ တင်ပြီးသား Video Clip များကို မကြာခဏ ဖျက်မိပါက YouTube Algorithm ကမှားယွင်းစွာ မှတ်ထားမိပြီး Content အသစ်များမှာပါ Recommend ပေးခြင်းလျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက Video အသစ်များတင်တဲ့ အခါ ထင်သလောက် Reach မရောက်တော့မှာ ဖြစ်ပါတယ်။ YouTube ရဲ့ Product Leader Todd Beaupre က Video တစ်ခုကို တိကျတဲ့ အကျိုးအကြောင်း မရှိဘဲ မဖျက်သင့်ကြောင်း မျှဝေခဲ့ပါတယ်။

Exit mobile version