Youtube Shorts Video ကို ၃ မိနစ်အထိ ဖန်တီးနိုင်တော့မည်

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး Youtube Shorts Video တွေကို ၃ မိနစ်အထိ ဖန်တီးနိုင်တော့မှာ ဖြစ်တယ်လို့ Youtube က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

လက်ရှိမှာ Youtube Shorts Video တွေက ၁ မိနစ်အထိသာ ဖန်တီးလို့ရတာဖြစ်ပြီး ၁ မိနစ်ကျော်ပါက Long Form Video အဖြစ် ပြောင်းလဲသွားတာဖြစ်ပါတယ်။ လာမယ့် Update က Creator တွေအတွက် ပိုမိုအသုံးတည့်လာမှာဖြစ်ပြီးတော့ ၃ မိနစ်အောက် Vertical Video နဲ့ Square Video Ratio အားလုံးတို့ဟာ အလိုအလျောက် Shorts အဖြစ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၃ မိနစ်နဲ့အထက် ဗီဒီယိုတွေကတော့ ဘယ်လို Size ဘဲ ဖြစ်နေပါစေ၊ Long Form Video အဖြစ်သာ ဖော်ပြမယ်လို့ ဆိုပါတယ်။

Youtube Shorts Video Copyright

Ownership ရှိတဲ့ Third Party Content တွေကို Shorts Video ထဲမှာ ၁ မိနစ်နဲ့အထက် အသုံးပြုထားပါက Video Blocked သွားမှာ ဖြစ်ပြီးတော့ အဆိုပါ Video ကနေ Monetize လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Shorts Video Copyright Claimed တွေက Channel အတွက် Strike ဖြစ်စေမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

သို့ပေမယ့် Copyright Content တွေကို ၁ မိနစ်နဲ့အထက် ပြန်လည်ကူးယူတင်ဆက်မှုမျိုးတွေက Reach ကိုတော့ ထိခိုက်စေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Exit mobile version