YouTube Shorts Video များ အတွက် Double Verify Company က ၎င်းတို့ရဲ့ Verification System ကို တိုးမြှင့်

YouTube နဲ့ Google Ads များ အတွက် Viewability နဲ့ Fraud Measurement System ကို စီစစ် လုပ်ဆောင်ပေးနေတာ ဆယ်စုနှစ်တစ်ခုရှိပြီ ဖြစ်တဲ့ Double Verify Company က မကြာသေးခင်ကဘဲ YouTube Shorts Video များအတွက် Company ရဲ့ Verification System ကို တိုးမြှင့်ထားကြောင်း ကြေညာခဲ့ပါတယ်။ YouTube Shorts Video ဆိုတာက YouTube ပေါ်မှာ အများဆုံး စက္ကန့် 60 ထိ ပြုလုပ်ကာ ဝင်ငွေရှာလို့ရတဲ့ ဒေါင်လိုက်ဗီဒီယို အမျိုးအစားဘဲဖြစ်ပါတယ်။

ကြော်ငြာရှင်များ နဲ့ Content Creator များ က YouTube Shorts ပေါ်မှာ ၎င်းတို့ရဲ့ လုပ်ငန်းများကို ကြော်ညာခြင်း နဲ့ ဝင်ငွေရှာခြင်းများပြုလုပ်လာတာနဲ့ အမျှ Scammer တွေရဲ့ တရားမဝင်သော Traffic လုပ်ဆောင်ချက်များ၊ နည်းမျိုးစုံနဲ့ လိမ်လည်မှုများက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ အဆိုပါ လိမ်လည်မှုများကို ကာကွယ်ဖို့အတွက် အရင်ကတည်းက Google နဲ့ YouTube ပေါ်မှာ Fraud Measurement နဲ့ Viewability Authentication လုပ်ဆောင်ချက်တွေကို DV Company ကဆောင်ရွက်နေပေမယ့် YouTube Shorts အတွက် အဆိုပါလုပ်ဆောင်ချက်ကို အခုမှ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

YouTube Shots Video များ အတွက် Double Verify Company က ၎င်းတို့ရဲ့ Verification System ကို တိုးမြှင့်

Double Verify Company က ကြော်ငြာရှင်များ၊ ထုတ်ဝေသူများရဲ့ Brand Safety၊ ကြော်ငြာလိမ်လည်မှုတွေကို ထောက်လှမ်းခြင်း၊ Viewability Measurement၊ Ad Verification စတဲ့ Analytics Solution များကို လုပ်ဆောင်ပေးနေတဲ့ Third Party Company တစ်ခုဖြစ်ပါတယ်။

Exit mobile version