Youtube Video Creator တွေ သိထားရမယ့် Reused Content Policies အကြောင်း

Reused Content ဆိုတာ ကိုယ်ပိုင်ဖန်တီးရိုက်ကူးထားခြင်း မဟုတ်တဲ့ Content တွေ၊ ဒါမှဟုတ် လွတ်လပ်စွာအသုံးပြုခွင့်ပေးထားတဲ့ Content တွေကို မူလဖန်တီးသူကို Credit/Attribute မပေးဘဲ ပြန်လည်ကူးတင်တဲ့ Content တွေကို ပြောတာဖြစ်ပါတယ်။

ဒါကြောင့် Copyright Strike မထိရင်တောင် Youtube Monetization တန်းရမယ်လို့ မဆိုလိုပါဘူး။ Reused Content တွေမရှိမှဘဲ ရနိုင်မှာပါ။

MonetizeMyanmar က ဖော်ပြထားတဲ့ အချက် နံပတ် (၁) ကနေ (၅) အထိမှာ နံပတ် (၁) နဲ့ (၂) ကိုတော့ လူတိုင်းသိပြီးသား ဖြစ်တာမို့ နံပတ် (၃) ကနေ ဘဲ ရှင်းပြသွားပါတော့မယ်။

လွတ်လပ်စွာအသုံးပြုခွင့်ပေးထားတဲ့ Content ဆိုတာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ အသံဖိုင်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတယ်ဆိုပေမယ့် မူလဖန်တီးရိုက်ကူးထားတဲ့ ပိုင်ရှင်တွေကို Attribute ပေးရပါမယ်။

ဥပမာအားဖြင့် မူလပိုင်ရှင်က သူ့ Content ကို ယူသုံးမယ်ဆိုရင် သူ့ Website ဒါမှမဟုတ် Youtube Channel ဒါမှမဟုတ် သူ Attribute ပေးခိုင်းတဲ့ လင့်ကို Credit/Attribute ပေးရမှာ ဖြစ်ပါတယ်။

Credit မပေးဘဲ အသုံးပြုထားတယ်ဆိုရင်တော့ Reused Content Policies နဲ့ငြိစွန်းပြီး Youtube Monetization လျှောက်တဲ့အခါ Reject ထိပါလိမ့်မယ်။

နံပတ်(၄) အချက်ဖြစ်တဲ့ သူတစ်ပါးရဲ့ ဖန်တီးမှုတွေကို တိုက်ရိုက်ဘာသာပြန်တင်ဆက်မှုတွေဆိုရင်လည်း မရပါဘူး။ ဒါကြောင့် စာအုပ်တွေကို ဖတ်ပြတာတွေ၊ ဘာသာပြန်ပြတာတွေကလည်း တစ်ကယ်ဆိုရင် Youtube Content Policies နဲ့ငြိစွန်းပြီး မူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရမှသာ Monetization အောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာ စာအုပ်တွေကတော့ အပြည်ပြည်ဆိုင်ရာမှာ ဉာဏမူပိုင်ခွင့်တွေတင်ထားတာမျိုး မရှိသလောက်နည်းတာကြောင့် အချို့ စာဖတ်ပြသူတွေကတော့ အဆင်ပြေနေသေးပါတယ်။

နံပတ်(၅) အချက်ကတော့ No Added Value Content လိုပြောလို့ရပါတယ်။ လှုပ်ရှားမှုမပါဘဲ Photo Slideshow တွေလုပ်ထားမယ်၊ နောက်ခံစကားပြော ပါဝင်ပေမယ့် အင်တာနက်က ဓာတ်ပုံတွေကိုဘဲ Slideshow Video လုပ်ထားမယ်ဆိုရင်လည်း Reused Content Policies နဲ့ငြိပါတယ်။

ဒါပေမယ့် ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ခဲ့မယ်ဆိုရင်တော့ Youtube ဆီ တိုက်ရိုက်ဆက်သွယ်ပြီး အကျိုးအကြောင်းရှင်းပြကာ Monetization Access ကို ပြန်လည် လျှောက်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ Reused Content တွေမဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သဘောပေါက်ကြပြီလို့ MonetizeMyanmar က ယူဆပါတယ်။

အားလုံးဘဲ Smart Content Creator တွေဖြစ်ကြပါစေလို့ MonetizeMyanmar က ဆန္ဒပြုလိုက်ပါတယ်။

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

Exit mobile version