Content Creator တွေအတွက် Monetization Requirement ကို လျော့ချပေးလိုက်တဲ့ Youtube

ဒီသတင်းက Content Creator တွေအတွက် သတင်းကောင်းဖြစ်ပြီးတော့ Youtube Monetization လျှောက်မယ်ဆိုရင် အရင်လို Subscriber 1k + Watch Hour 4000 လိုတော့မှာ မဟုတ်ပါဘူး။

Youtube က Content Creator တွေအတွက် Monetization Requirement ကိုလျော့ချပေးလိုက်တာဖြစ်တာကြောင့် လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Subscriber 500
  2. ရက် ၉၀ အတွင်းမှာ အနည်းဆုံး ဗီဒီယို ၃ ပုဒ်တင်ထားဖို့လိုအပ်
  3. တစ်နှစ်အတွင်း ဗီဒီယိုကြည့်ရှုမှု Watch Hour 3000 သို့မဟုတ် ရက် ၉၀ အတွင်း Shorts Video ကြည့်ရှုမှု 3M

ဒါကြောင့် အခုသတ်မှတ်ပေးလိုက်တဲ့ Requirement တွေကြောင့် Content Creator တွေအနေနဲ့ မြန်မြန်ဆန်ဆန် Youtube Monetization လျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီသတ်မှတ်ချက်ဟာ Early Access Feature ဖြစ်တာကြောင့် နိုင်ငံတိုင်းချက်ချင်းရအုံးမှာ မဟုတ်ဘဲ အောက်ဖော်ပြပါနိုင်ငံတွေမှာဘဲ အရင်ဆုံး ရရှိမှာ ဖြစ်ပါတယ်။

လောလောဆယ် ၅ နိုင်ငံဘဲ အရင်ဆုံးရရှိမှာဖြစ်ပေမယ့် မကြာမှီ Global Access ရရှိမှာဖြစ်တယ်လို့ MonetizeMyanmar က ယူဆပါတယ်။

အခုလို လျော့ချပေးလိုက်တဲ့ ရည်ရွယ်ချက်ကတော့ Twitch နဲ့ TikTok ပေါ်က Content Creator တွေကို Youtube Platform ဆီဆွဲဆောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က အခုမှ Content Creator စလုပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် အိုင်ဒီယာကောင်းကောင်း၊ တင်ဆက်မှုကောင်းကောင်းနဲ့ ဖန်တီးနိုင်မယ်ဆိုရင် Youtube Partner Program (YPP) လျှောက်ဖို့ အရင်ကထက်ပိုပြီး နီးစပ်လာနိုင်ပြီလို့ ပြောလို့ရပါတယ်။

Exit mobile version