အင်ဒိုနီးရှားမှာ Youtube က Shopee နဲ့ ပူးပေါင်း

Youtube ရဲ့ Shopping Feature ကို အာရှနိုင်ငံအချို့မှာ ချဲ့ထွင်ဖို့ ကြိုးစားနေတာဖြစ်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံအတွက် Shopping Partner အနေအဖြစ် Shopee ကို ရွေးချယ်လိုက်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံက Youtuber တွေအနေနဲ့ Youtube ကနေတစ်ဆင့် မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ပါတနာတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို Youtube ကနေတစ်ဆင့် တိုက်ရိုက် ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။

Shopping Monetization Feature က ယခင်က အနောက်နိုင်ငံအချို့မှာဘဲ ရခဲ့ပေမယ့် အခုချိန်မှာတော့ အာရှနိုင်ငံအချို့မှာပါ မကြာခင် တွေ့မြင်ရဖွယ် ရှိပါတယ်။ Creator တွေအနေနဲ့ Shopping Monetization ကနေ ကော်မရှင်ခတွေ ရနိုင်တာဖြစ်လို့ ဝင်ငွေတွေလည်း ယခင်ထက် ပိုမိုတိုးပွားနိုင်မှာပါ။

ဒါ့အပြင် မကြာခင်မှာ Shopping Feature Integration ကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမှာပါ ရရှိတော့မယ်လို့ ဆိုပါတယ်။

Exit mobile version