သီချင်းနားထောင်ရင်း AI က စကားတွေလာပြောတော့မယ့် YouTube Music ရဲ့ Feature အသစ်

YouTube က YouTube Music app ထဲမှာ AI host (AI DJ) တွေ ထည့်သွင်းစမ်းသပ်နေပြီလို့ ကြေညာလိုက်ပါတယ်။ ဒီ AI host တွေက နားထောင်နေတဲ့ သီချင်းတွေအကြောင်း၊ နောက်ကွယ်က ဇာတ်လမ်းလေးတွေ၊ fan တွေသိချင်တဲ့ အချက်အလက်လေးတွေကို ရေဒီယို DJ တစ်ယောက်လို ကြားဖြတ်ပြောပြပေးသွားမှာပါ။

ဒီ feature က “YouTube Labs” လို့ခေါ်တဲ့ စမ်းသပ်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လောလောဆယ်မှာတော့ US က သုံးစွဲသူအရေအတွက် အကန့်အသတ်နဲ့ပဲ စမ်းသပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ နောက်ပြီး YouTube က သူ့ရဲ့ Premium feature တစ်ခုဖြစ်တဲ့ “jump ahead” (AI ကိုသုံးပြီး video ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကို တန်းကျော်ကြည့်နိုင်တာ) ကို TV နဲ့ game console တွေမှာပါ အပြည့်အဝ သုံးနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

သီချင်းနားထောင်ရင်း AI က စကားတွေလာပြောတော့မယ့် YouTube Music ရဲ့ Feature အသစ်

YouTube ရဲ့ ဒီခြေလှမ်းက သီချင်းနားထောင်တဲ့ အတွေ့အကြုံကို playlist တစ်ခု play ပြီး ပစ်ထားလိုက်တာမျိုးထက် ပိုပြီး အသက်ဝင်လာအောင် ကြိုးစားလိုက်တာပါပဲ။ ရေဒီယိုနားထောင်ရသလိုမျိုး AI host က သီချင်းအကြောင်းတွေ ရှင်းပြတာကို ကြိုက်တဲ့သူတွေအတွက်တော့ ဒါက သဘောကျစရာ feature တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း သီချင်းကိုပဲ အနှောင့်အယှက်မရှိ ဆက်တိုက်နားထောင်ချင်တဲ့သူတွေအတွက်တော့ ကြားထဲက AI အသံက အာရုံနောက်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ခြုံပြောရရင်တော့ Google က သူ့ရဲ့ AI နည်းပညာတွေကို product တိုင်းထဲကို ဘယ်လိုထည့်သွင်းလို့ရမလဲဆိုတာကို နေရာတကာမှာ စမ်းသပ်နေတာပါ။ ဒီ feature အောင်မြင်မလား၊ အလုပ်မဖြစ်ဘူးလားဆိုတာကတော့ AI host က ဘယ်လောက် သဘာဝကျကျနဲ့ စိတ်ဝင်စားစရာကောင်းအောင် ပြောနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။

Exit mobile version