Youtube Channel Management အတွက် Manager Permission တစ်ခုထပ်တိုးပေးလာတဲ့ Youtube

Youtube Channel တစ်ခုစီမံခန့်ခွဲတဲ့အခါ ယခင်က Editor, Editor (Limited), Subtitle Editor, Viewer, Viewer (Limited) ဆိုပြီး Permission ၅ ခုရှိခဲ့ပေမယ့် အခုချိန်မှာတော့ ‘ Manager’ ဆိုတဲ့ Role တစ်ခုကို Youtube က ထည့်သွင်းပေးလိုက်ပါတယ်။

ဒါကြောင့် Youtube Channel တွေကို စီမံခန့်ခွဲတဲ့အခါ ပိုမိုလွယ်ကူလာနိုင်ပြီး Manager တစ်ယောက်အနေနဲ့ Grant ပေးလို့ရပါပြီ။ ယခင်က Owner Role ပြီးရင် Editor က အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ Owner Role ပြီးရင် Manager Role က အမြင့်ဆုံး ဖြစ်လာပါမှာ။

Youtube Channel Management အတွက် Manager Permission တစ်ခုထပ်တိုးပေးလာတဲ့ Youtube 1

Manager Role အနေနဲ့ Content တွေကို ကြိုက်သလိုပြင်ဆင်နိုင်ခွင့်ရှိတဲ့အပြင် User Permission တွေကိုပါ စီမံခန့်ခွဲနိုင်တဲ့ Permission ပါ ရှိပါတယ်။ ဒါကြောင့် Content Editor တွေအသစ်ခန့်တာဘဲဖြစ်ဖြစ်၊ ဖြုတ်တာဘဲ ဖြစ်ဖြစ် Manager Permission ရှိသူတိုင်း လုပ်ဆောင်နိင်မှာပါ။

ယခင်က Editor အသစ်တွေ ခန့်တဲ့အခါ၊ ဖြုတ်တဲ့အခါ စတဲ့ User Management Permission တွေကို Owner က လုပ်ဆောင်ရတာဖြစ်ပြီး အခု Update အသစ်မှာတော့ Manager Permission ရှိသူက User Management ပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Exit mobile version