YouTube က Ad Block လုပ်သူများကို စတင်ကန့်သတ်

YouTube ဟာ စမ်းသပ်မှုအသစ်တစ်ခုကို ပြုလုပ်နေတာဖြစ်ပြီး အဲတာက Ad Blocker များကို ကန့်သတ်နိုင်ဖို့ ဖြစ်ပါတယ်။

YouTube ကို Premium မဝယ်ပဲ Ad Blocker တွေအသုံးပြုကာ Ads များကို ရှောင်ပြီး အသုံးပြုနေတဲ့ အသုံးပြုသူများကို YouTube က “Video player will be blocked after 3 videos” ဆိုတဲ့ သတိပေးစာတွေကို စတင်ပေးပို့နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် Ads Free အသုံးပြုလိုပါက YouTube Premium ကို ဝယ်ယူဖို့ တိုက်တွန်းထားတဲ့ စာကိုလည်း သတိပေးစာထဲမှာ တစ်ခါတည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တချို့ Ad Blocker အသုံးပြုသူများကို “Ad blockers violate YouTube’s Terms of Service,” ဆိုတဲ့ သတိပေးစာကို ပေးပို့တာ တွေ့ရပြီး ၎င်းစာထဲမှာလည်း YouTube Premium ကို အသုံးပြုဖို့ တိုက်တွန်းထားတာ ပါဝင်မှာ ဖြစ်ပါတယ်။ YouTube ရဲ့ ပြောပြချက်အရတော့ ဒါဟာ စမ်းသပ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ အခုလို စတင်စမ်းသပ်နေပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ YouTube ကို Ad Blocker တွေအသုံးပြုပြီး ကြည့်ရှုခွင့်ကို ကန့်သတ်တော့မယ်လို့ အသိပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

YouTube ဟာ အသုံးပြုသူတွေကို Premium ဝယ်ယူဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က 4K Videos တွေ ကြည့်ရှုနိုင်မယ့် Plan ကို စီစဥ်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း Premium မဝယ်ထားသူများကို Skip လုပ်ခွင့်မရှိတဲ့ Ads (၁၁) ခုအထိ ပြတာမျိုးတွေပါ ပြုလုပ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက YouTube ရဲ့ ပြောပြချက်အရ Music နဲ့ Premium ကမ်းလှမ်းမှုမှ Suscribers သန်း (၈၀) ကျော်အထိ ရရှိခဲ့ကြောင်း သိရပါတယ်။

Exit mobile version