Google က YouTube ရဲ့ Web Version မှာ ‘Custom’ Playback Speed Slider ကိုထည့်သွင်း

သိပ်မကြာသေးခင်က YouTube မှာ Playback Speed ကို ‘Custom’ ပြုလုပ်နိုင်မယ့် Slider အသစ်ကို Android နှင့် iOS များအတွက် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Web Version မှာပါ အသုံးပြုလို့ ရနေပြီ လို့သိရပါတယ်။

YouTube ‘Custom’ Playback Speed Slider

အသုံးပြုပုံကတော့ YouTube မှာ Video တစ်ပုဒ်ဖွင့်တဲ့ အခါ ကိုယ်က Playback Speed ကိုချိန်ညှိချင်တယ်ဆိုရင် Settings Gear ထဲက Playback Speed Menu မှာ “Custom” ကိုရွေးပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Custom Playback Speed ကို 0.25x ကနေ 2.00x ထိ လိုသလို ချိန်ညှိလို့ ရမှာ ဖြစ်ပါတယ်။ ကိုယ်က Custom မသုံးချင်ဘူး အရင်တိုင်းပဲ Playback Speed ကိုအသုံးပြုချင်တယ်ဆိုလဲ 0.25x, 0.5x, 0.75x, Normal, 1.25x, 1.5x, 1.75x, 2.0x ဆိုပြီး အရင်တိုင်းတစ်ခုချင်းဆီ Menu မှာ ရှိနေသေးမှာ ဖြစ်ပါတယ်။

Exit mobile version