YouTube က နာမည်ကြီး Pop Star များရဲ့ အသံများကို ဖန်တီးနိုင်တဲ့ AI Tool တစ်ခုကို စမ်းသပ်

YouTube က ကမ္ဘာကျော် အဆိုတော်တွေရဲ့ အသံများကို အသုံးပြုပြီး သီချင်းတိုများကို ဖန်တီးပေးနိုင်တဲ့ AI Tool တစ်ခုကို စမ်းသပ်လျှက်ရှိတယ်လို့ သိရှိရပါတယ်။ အဆိုပါ Tool ကို Dream Track လို့ အမည်ပေးထားပြီး လက်ရှိမှာတော့ United States မှာ အကန့်အသတ်နဲ့ စမ်းသပ်ခွင့်ပေးထားတယ်လို့ သိရှိရပါတယ်။

အဆိုပါ Dream Track ထဲမှာ User များက မိမိတို့လိုချင်တဲ့ သီချင်းအမျိုး အစား နဲ့ စာသားအချို့ကို ရေးပြီး ထည့်သွင်းလိုတဲ့ အဆိုတော်တစ်ယောက်ရဲ့ အသံကိုရွေးချယ်ကာ သီချင်းတိုတစ်ပုဒ်ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ လက်ရှိ စမ်းသပ် Beta မှာတော့ Alec Benjamin၊ Charlie Puth၊ Charli XCX၊ Demi Lovato၊ John Legend၊ Papoose၊ Sia၊ T-Pain နဲ့ Troye Sivan စတဲ့ Pop Star များရဲ့ အသံများကို စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုသူများရဲ့ ပြောပြချက်အရတော့ Dream Track ကထုတ်လုပ်ပေးတဲ့ သီချင်းတိုများဟာ မှုရင်းအဆိုရှင်ရဲ့ အသံများနဲ့ အံ့သြစရာကောင်းလောက်အောင် တူညီတယ်လို့သိရှိရပါတယ်။

YouTube က နာမည်ကြီး Pop Star များရဲ့ အသံများကို ဖန်တီးနိုင်တဲ့ AI Tool တစ်ခုကို စမ်းသပ် 1

YouTube က Dream Track ပက်သတ်ပြီး အသံပိုင်ရှင်များ နဲ့ Copyright ဆိုင်ရာကျင့်ဝတ်များကို အလေးပေးဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ AI Tool မှာ Pop Star များရဲ့ အသံများကို အသုံးပြုမှုအဆင်ပြေစေရန် ၎င်းမှာ ပါဝင်တဲ့အနုပညာရှင်များနဲ့လဲ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။

Exit mobile version