Youtube Platform ပေါ်မှာ Channel အသစ်တွေတိုးပွားလာတာနဲ့အမျှ Reused Content Issue တွေလည်းပိုမိုကြီးထွားလာတာကြောင့် Youtube အနေနဲ့ Channel စည်းမျဉ်း၊ စည်းကမ်းပိုင်းဆိုင်ရာကို အသစ်သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အဓိကအားဖြင့် အနုပညာရှင်နဲ့ အခြားသော လူသိများတဲ့ သူတွေ တင်ထားတဲ့ Video တွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး Fan Channel ဖန်တီးထားသူတွေအတွက် စည်းမျဉ်းစည်းကမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ Fan Channel တွေအနေနဲ့ အနုပညာရှင်နဲ့ အခြားသောသူတွေရဲ့ မျက်နှာ ဒါမှမဟုတ် အမှတ်တံဆိပ်တွေကို Channel Logo ၊ Cover Image တွေအနေနဲ့ ဖော်ပြထားတာမျိုးကို ရှောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Channel Handler URL ကိုလည်း အနုပညာရှင်နာမည်တွေ၊ ဒါမှမဟုတ် ကိုယ်အားပေးထောက်ခံသူရဲ့ အမည်အဖြစ် သတ်မှတ်ထားတာမျိုးကိုလည်း ရှောင်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Fan Channel ဟာ မိမိအားပေးထောက်ခံသူနဲ့ ဘာမှ မသက်ဆိုင်ကြောင်း သိသာစေမယ့် ထုတ်ပြန်ချက်မျိုး ရေးသားဖော်ပြရမယ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူတွေထင်ယောင်ထင်မှတ် မှားနိင်စေမယ့် စကားလုံးတွေ၊ Character တွေ အသုံးပြုမှုကိုလည်း ကန့်သတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ အကယ်၍ စည်းကမ်းချက်တွေကို ချိုးဖောက်ထားမယ်ဆိုရင် Channel Termination လုပ်သွားမယ်လို့ Youtube ဘက်က ကြေငြာလိုက်ပါတယ်။
Facebook, Instagram, TikTok Platform တွေပေါ်က User Generated Content တွေကို ပြန်လည်ဒေါင်းလုပ်ယူပြီး Youtube Channel ဖွင့်ကာ ကိုယ်ပိုင် Content ကဲ့သို့ ဟန်ဆောင်တင်ဆက်နေသူတွေကိုလည်း တားမြစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကိုယ့် Youtube Channel က TikTok လိုမျိုး User Generarted Platform ပေါ်က Video တွေကို ဒေါင်းလုပ်ဆွဲပြီး Youtube မှာ တင်ဆက်နေမယ်ဆိုရင်တော့ မကြာခင် Youtube Monetization ပြုတ်မယ့်အပြင် Channel Termination ပါ ဖြစ်နိုင်ပါသေးတယ်။
ဒါပေမယ့် မိမိရဲ့ Content မှန်ကန်ကြောင်းပြနိုင်မယ်ဆိုရင်တော့ Youtube Monetization မပြုတ်သလို Channel Termination လည်း မဖြစ်ပါဘူး။
အထက်ဖော်ပြပါ ပေါ်လစီဆိုင်ရာကိစ္စတွေ အသက်ဝင်မှာကတော့ ဩဂုတ်လ၊ (၂၁)ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ Youtube က တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။