Youtube Studio မှာ အသစ်ထည့်သွင်းပေးလိုက်တဲ့ Creator Music Feature

Youtube ကနေပြီးတော့ Content Creator တွေ အမြဲခေါင်းကိုက်နေရတဲ့ သီချင်းကိစ္စတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် Creator Music Feature ကို Youtube Studio ထဲမှာ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါပေမယ့် ဒီ Feature က Beta Version အဆင့်ဘဲရှိပါသေးတယ်။ လူတိုင်း ရအုံးမှာ မဟုတ်ပါဘူး။ MonetizeMyanmar ကတော့ ဒီ Feature ( Beta ) ကို Access လုပ်ခွင့်ရထားတာကြောင့် အားလုံးသိရအောင် ရေးသားမျှဝေပေးလိုက်ပါတယ်။

မိမိရဲ့ Youtube Video Content ထဲမှာ အသုံးပြုမယ့် သီချင်းတွေကို Creator Music ကနေတစ်ဆင့် ဝယ်နိုင်မှာဖြစ်ပါတယ်။ Creator Music Feature မှာ (၃)မျိုး ရှိပါတယ်။

အဲ့ဒါတွေကတော့

Paid ဆိုတာ

Creator Music ထဲက Paid ဆိုတာကတော့ မိမိ Video Content ထဲမှာ အသုံးပြုမယ့် သီချင်းကို ဝယ်သုံးတာပါ။ Paid မှာလဲ အကန့်အသတ်တွေရှိပါသေးတယ်။ နှစ် အကန့်အသတ်နဲ့ဘဲ အသုံးပြုခွင့်ပေးတဲ့ သီချင်းတွေလည်း ရှိသလို နှစ်အကန့်အသတ်မရှိဘဲ Lifetime သုံးနိုင်မယ့် ခွင့်ပြုချက်တွေလည်း ရှိပါတယ်။ ဒါ့အပြင် သီချင်းတစ်ပုဒ်ကို Video တစ်ပုဒ်မှာဘဲ အသုံးပြုခွင့်ရှိမှာ ဖြစ်ပါတယ်။

Free ဆိုတာ

Free ကတော့ မိမိနှစ်သက်သလို အသုံးပြုနိုင်မှာဖြစ်ပြီး ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ဒါကြောင့် Full Monetization လုပ်နိုင်မှာ ဖြစ်ပြီး အကျိုးအမြတ်တွေကို Audio Owner တွေဆီ ခွဲဝေပေးစရာ မလိုပါဘူး။

Rev-share ဆိုတာ

Rev-share ဆိုတာကတော့ သီချင်းတွေကို အခမဲ့အသုံးပြုနိုင်ပေမယ့် ဝင်ငွေရရှိလာတဲ့အခါ အကျိုးအမြတ်ပြန်လည်ခွဲဝေပေးရမယ့် Model ဖြစ်ပါတယ်။ ဒါကြောင့် Audio Owner နဲ့ Song Writer တွေအတွက် စုစုပေါင်း 60% ခွဲဝေပေးရမှာဖြစ်ပြီး Channel Owner က 40% ရရှိမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Youtube Studio ထဲမှာ အသစ်ထည့်ပေးလိုက်တဲ့ Creator Music Feature နဲ့ပတ်သက်ပြီး သဘောပေါက်ကြပြီလို့ ထင်ပါတယ်။

Exit mobile version